Chapter 159
မကြာမီ ဒုတိယအကျော့ အဖွဲ့လိုက်ပွဲစဉ်တွင် နိုအာစစ်တက္ကသိုလ်ဘက်မှ သူတို့၏ပြိုင်ဘက်ကင်းစွမ်းအားများကို ထုတ်ဖော်ပြသလာကြပြီး ရှင်းဟိုင်ဘက်မှလွှတ်လိုက်သည့် ချီယု၊ ကာလက်နှင့် အော်ရီရယ်တို့အား အနိုင်ရရှိခဲ့လေသည်။
ရစ်ချက်၏အမူအယာမှာမူ တည်ငြိမ်နေဆဲပင်ဖြစ်သည်။
ထို့နောက် ပထမပိုင်း၏ နောက်ဆုံးပွဲစဉ်အနေဖြင့် နောက်ဆုံးအကျော့ တစ်ဦးချင်းပွဲစဉ် စတင်လာခဲ့သည်။
ခယ့်လိုင်ရင်ဆိုင်ရသည့် ပြိုင်ဘက်မှာ SS အဆင့်ဖြစ်ပြီး ခယ့်လိုင်ပြိုင်ပွဲတစ်လျှောက်တွင် သူ၏အကောင်းဆုံးသော အဆင့်ဖြင့် ကစားခဲ့ကာ ပြိုင်ဘက်၏မက်ခါပေါ်၌ ကြီးမားသောထိခိုက်မှုတစ်ခုချန်ထားပေးနိုင်ခဲ့သော်လည်း သေးငယ်သောအမှတ်ဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။
ဒီလိုနှင့် ပထမအသုတ် မနက်ခင်းပွဲစဉ်များ ပြီးဆုံးသွားပြီဖြစ်သည်။
နိုအာစစ်တက္ကသိုလ်နှင့် ရှင်းဟိုင်တို့၏ရမှတ်များမှာ 5:3 ဖြစ်နေကာ နိုအာဘက်မှ 3မှတ်အသာစီးရနေခဲ့သည်။
နိုအာတက္ကသိုလ်မှ ထောက်ခံသူများ၏မျက်နှာပေါ်တွင် အပြုံးများဖြစ်ပေါ်နေပြီး ကြည့်ရသည်မှာ ယွမ်ရှင်းကျဲမပါဝင်ဘဲနှင့် နိုအာဘက်မှ ချန်ပီယံဖြစ်နိုင်သည်မှာ သေချာသလောက်ပင်ဖြစ်သည်။
ရှင်းဟိုင်ကျောင်းအဖွဲ့မှ လူများ၏ မသာယာသော မျက်နှာအမူအယာများကြောင့် ရစ်ချက် နှစ်သိမ့်ပေးလိုက်သည် " အရမ်းခံစားမနေနဲ့ မင်းတို့အားလုံးအကောင်းဆုံးကြိုးစားခဲ့တယ်…"
ထိုအချိန်၌ လူတိုင်းလာမည့်နေ့လည်စာအား စောင့်မျှော်နေလိုက်ပြီး ယွမ်ရှင်းကျဲ ဖြစ်နိုင်သမျှမြန်မြန် ပြန်လာမည်အား မျှော်လင့်နေကြသည်။
တော်ဝင်မြို့တော် ပရက်စ်ဆေးရုံတွင်…
ယွမ်ရှင်းကျဲမှာ ဆေးကုသခန်းထဲတွင် အိပ်ပျော်နေဆဲဖြစ်သည်။
ထိုးစစ်ခံစစ်ပွဲစဉ်မှာ ယနေ့နေ့လည်ခင်း သုံးနာရီခွဲအချိန်တွင် ပွဲစီစဉ်သူများမှ ပြုလုပ်သည့် ကြီးမားသော တိုက်ပွဲကွင်းပြင်တစ်ခုတွင် ကျင်းပမည်ဖြစ်သည်။

VOCÊ ESTÁ LENDO
အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)
FantasiaDescription မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်ပြီး ဘာသာပြန်သူတွေကလည်း IQ team က မင်မင်တွေပဲဖြစ်ပါကြောင်း နဲ့ ဒီစာစဥ်ကို အဇူး မပိုင်ပါဘူးဆိုတဲ့အကြေ...