Chapter 168
ယွမ်ချန်ရှန့် ကြာကြာအသံကောင်းမဟစ်နိုင်တော့ပါချေ။ စတော့စျေးက ယွမ်ရှင်းကျဲ၏ခွန်အားကိုပြသရန် လုံလောက်နေပြီး သူ့အားလည်း နောင်တတရားနှင့် ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်မှုတို့ကြားမှာ နေ့စဥ်နေတိုင်းအသက်ရှင်နေစေခဲ့လေသည်။
"ပြောကြည့် ...တကယ်လို့ ရှင်းကျဲကသာ ဒီမက်ခါနဲ့နည်းပညာကို ချန်ရှန့်ကိုထုတ်လုပ်ဖို့အတွက် လွှဲပြောင်းပေးခဲ့မယ်ဆိုရင်....."
လူမမာရုပ်ပေါက်နေသော ယွမ်ချန်ရှန့်က ချင်ရွှမ်းကို ပြာတာတာအသံဖြင့်ဆို၏။
"ငါတို့ကုမ္ပဏီက အခုလိုဖြစ်လာမှာလား"
ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်းတွင် ချင်ရွှမ်း စာရွက်စာတမ်းအမျိုးမျိုးကို ခွဲထုတ်ခြင်း ရှယ်ယာရှင်အစည်းအဝေးခေါ်ခြင်းတို့ဖြင့်
အလုပ်ရှုပ်နေခဲ့သည်။
ယွမ်ချန်ရှန်း၏ ယိုယွင်းပျက်စီးနေမှုနှင့် နှိုင်းယှဥ်ပါက သူမက ဤကုမ္ပဏီ၏ဥက္ကဌနှင့်ပိုတူနေပြီး
သန်မာသောအမျိူးသမီးတစ်ဦး၏ စိတ်နေသဘောထားက သံသယဖြစ်ဖွယ်မရှိအောင် ထွက်ပေါ်လာ၏။
"တကယ်လို့ ဆိုတာမရှိဘူး"
ချင်ရွှမ်းက သူမ၏ဉာဏ်ရည်တုပေါ်ရှိ ယွမ်ရှင်းကျဲ၏ သတင်းကိုကြည့်နေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"ချန်ရှန့်ကို စာရင်းအထုတ်ပယ်ခံမခံရဖို့နဲ့ ဒေဝါမခံရဖို့ ကျွန်မအကောင်းဆုံးကြိုးစားရုံပဲတတ်နိုင်တယ်"
ယွမ်ချန်ရှန်းက ချင်ရွှမ်းကို အထင်သေးစွာဖြင့် လက်ခါပြ၏။
"မင်းက အိုမီဂါတစ်ယောက်လေ...ဘာလုပ်နိုင်မှာလဲ"
ချင်ရွှမ်းက သူ့ကိုတစ်ချက်ပဲစိုက်ကြည့်ပြီး ဘာမှမပြောပေ။
——
ရက်အနည်းငယ်အကြာတွင် ရှင်းချွမ်းမက်ခါကုမ္ပဏီ၏ တရားဝင်ဝက်ဘ်ဆိုဒ်က ၎င်း၏လေလံစနစ်ကို ထုတ်ဖော်ပြသလာလေသည်။
ယွမ်ရှင်းကျဲ ဖိုင်နယ်မှာ ထုတ်ကြွားခဲ့သည့်မက်ခါက စနစ်ထဲမှာ လေလံပစ္စည်းအဖြစ် တရားဝင်ထွက်ပေါ်လာ၏။

STAI LEGGENDO
အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)
FantasyDescription မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်ပြီး ဘာသာပြန်သူတွေကလည်း IQ team က မင်မင်တွေပဲဖြစ်ပါကြောင်း နဲ့ ဒီစာစဥ်ကို အဇူး မပိုင်ပါဘူးဆိုတဲ့အကြေ...