Chapter 15
ပြိုင်ပွဲက သုံးရက်အတွင်းစပေတော့မည်။
စာရင်းပေးထားသော ကျောင်းသားများသည် ပြင်းထန်သောလေ့ကျင့်မှုများကိုဖြတ်ကျော်ရမည်ပင်။ ဤနည်းဖြင့် လုပ်ဆောင်ရမည်တို့ကိုနားလည်ပြီး ပြိုင်ပွဲတွင် မတော်တဆဖြစ်ပွားမှုနည်းလိမ့်မည်။အတန်းRမှစာရင်းပေးသူ ၂၀ရှိကာ အတန်း၏လူဦးရေသုံးပုံတပုံခန့်ပင်ရှိသည်။ ၎င်းမှာများသည်ထင်ရသော်လည်း အခြားအတန်းများဆိုလျှင် လူအယောက် ၄၀ထက်ပင်ပိုကြသည်။
သို့နှင့်မက်ခါမောင်းနှင်ရေးမေဂျာမှနှစ်အလိုက် ကျောင်းသားစုစုပေါင်း၂၀၀နီးပါး၀င်ပြိုင်ကြသည်ပင်။
လေ့ကျင့်ရေးမှာ လှုံ့ဆော်ခြင်းလေ့ကျင့်ရေးခန်းတွင် ပြုလုပ်သညွ။ ယွမ်ရှင်းကျဲရောက်ရောက်ခြင်းတွင် လုရန်ရှုကိုမြင်လိုက်ရလေသည်။ သူ၏အခန်းဖော်အား အံ့သြစွာကြည့်လျက်
"ဒီကိုဘယ်လိုရောက်နေတာလဲ၊ မင်းလည်းစာရင်းပေးခဲ့တာလား"
"အင်း" လုရန်ရှုမင်သေသေဖြင့်ခေါင်းငြိမ့်လိုက်သည်။
"ငါစဥ်းစားပြီးပြီ ၊ ငါတို့ကညီအစ်ကိုရဲဘော်ရဲဘက်တွေပဲ၊ ငါမင်းကိုအဖော်ပြုပေးချင်တယ်"
ယွမ်ရှင်းကျဲနှလုံးသားနွေးထွေးသွားရသည်။
"ကျေးဇူးပါ ရန်ရှု"
"အနည်းဆုံးတော့ မင်းအချခံရတဲ့အခါကျ ပြီးခဲ့တဲ့တစ်ခေါက်ကလို ငါမင်းကိုဆေးခန်းကိုပို့ပေးနိုင်တာပေါ့"
လုရန်ရှုသူ့အားကြည့်လျက်ဆိုလိုက်သည်။
"မလိုပါဘူး"
ယွမ်ရှင်းကျဲ ဆေးရုံကိုနောက်တစ်ကြိမ်ထပ်သွားချင်စိတ်မရှိချေ။ စျေးကြီးလွန်းတယ်၊"ငါတို့အတန်းနဲ့အခြားအတန်းတွေကြားမှာတကယ်ကိုကွာခြားတယ်" ကျိုးဖေးရွယ်ကလူအုပ်အားပြောလိုက်သည်။
"ဒါပေမယ့် ဒီထဲကလူငါးဆယ်ရွေးမှာဖြစ်တဲ့အတွက် အခွင့်အရေးရှိသေးတယ်၊ ကျန်တဲ့သူတွေလည်းမတော်တဆရှုံးနိုင်တာပဲလေမဟုတ်ဘူးလား"
ESTÁS LEYENDO
အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)
FantasíaDescription မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်ပြီး ဘာသာပြန်သူတွေကလည်း IQ team က မင်မင်တွေပဲဖြစ်ပါကြောင်း နဲ့ ဒီစာစဥ်ကို အဇူး မပိုင်ပါဘူးဆိုတဲ့အကြေ...