Chapter 20
ယွမ်ရှင်းကျဲ၏ခံနိုင်ရည်မှာလည်းမကြာခင်ဂိတ်ဆုံးရောက်တော့မှာပင်။ အသင်းAနှင့်တွေ့ဆုံမှုကို သူစိတ်ထဲမှအမြန်တွက်ချက်လိုက်သည်။ မိနစ်၀က်ခန့်ကြာလျှင် မက်ခါစက်သံများကိုရှေ့နားတွင်ကြားလိုက်ရတော့သည်။
အလင်းဓါးမက်ခါမှာ ကိုယ်တိုင်တိုက်ခိုက်ရေးမက်ခါမျိုးဖြစ်ကာ မက်ခါသုံးစီးအားတပြိုင်တည်းတိုက်ခိုက်နိုင်မည့် လက်နက်အများအပြားမပါရှိချေ၊
သို့သော် သူက မြေပြင်အနေအထားကို အသာစီးယူနိုင်သည်။
လူတိုင်း အပြာအလင်းစက်သည် လိမ္မော်အလင်းစက်များအားမှီခါတွင် ထောင့်ချိုးသို့ကွေ့လိုက်ကြောင်းတွေ့လိုကိရလေသည်။
"ဘာလဲဟ သူတို့ကိုကျော်ပြီး ချန်ပီယံယူတော့မလို့လား"
"ငါကသူအမီလိုက်ပြီး လက်စားပြန်ချေမယ်ထင်တာ ဒါပေမယ့်ဒါပဲလား"
"ရှောင်သွားတာလည်းကောင်းတာပါပဲ၊ ထိပ်တိုက်တွေ့စရာမလိုပါဘူး"
"အင်းလေ ငါလည်းအတန်းEကကျောင်းသားဆိုရင်
အတန်းAကကျောင်းသား၃ယောက်က်ု တစ်ယောက်တည်းရင်ဆိုင်ရလောက်အောင်တော့တုံးမှာမဟုတ်ဘူး"အတန်းEကကျောင်းသားဘာလုပ်မည်ကိုဆွေးနွေးနေကြစဥ်၊ အပြာရောင်အလင်းစက်လေးမှ တဖက်လမ်းမှ လိမ္မော်ရောင်အလင်းစက်သုံးခုအားကျော်ဖြတ်သွားခဲ့ပြီဖြစ်သည်။
ပန်း၀င်မှတ်ကိုတိုက်ရိုက်ဖြတ်သွားသ၍ ပထမနေရာကိုသူရသွားတော့မည်။ သို့သော်ယွမ်ရှင်းကျဲထိုသို့မလုပ်ခဲ့ချေ။ သူကပထမနေရာကိုမလိုချင်၊အမှန်အတိုင်းပြောရလျှင် သူဤဂိမ်းရှုံးရှုံးနိုင်နိုင်ဂရုမစိုက်ချ။ သူကဗျူဟာများနှင့် မက်ခါအကြောင်းလေ့လာချင်ရုံသာ။
ဂိမ်း၏အဆင့်ခွဲခြားမှုမှာ သူ၏ဗျူဟာအဆင်ပြေမပြေ ကိုအတည်ပြုပေးနိုင်ရန်သာဖြစ်သည်။ ယွမ်ရှင်းကျဲမှ တောအုပ်အဆုံးမှာတိတ်တဆိတ်ရပ်လျက် မက်ခါသုံးစီးရောက်လာမည်ကိုစောင့်နေလိုက်သည်။
ESTÁS LEYENDO
အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)
FantasíaDescription မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်ပြီး ဘာသာပြန်သူတွေကလည်း IQ team က မင်မင်တွေပဲဖြစ်ပါကြောင်း နဲ့ ဒီစာစဥ်ကို အဇူး မပိုင်ပါဘူးဆိုတဲ့အကြေ...