Intro

7.7K 284 11
                                    

🎶အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း

🎶ရင်မှာနှောင်ကြိုးဖွဲ့မျက်ဝန်း

🎶မင်းရဲ့အကြည့်မှာမြောနေခဲ့

🎶မင်းရဲ့ မင်းရဲ့

"အမေ့"

နားထဲက Bluetooth နားကျပ်လေးမှထွက်ပေါ်လာတဲ့သီချင်းလေးကိုစိတ်ထဲမှ တိုးတိုးလေးညည်းရင်း တိတ်တခိုးချစ်နေရတဲ့ ကောင်လေးကို အခန်းဝက video ခိုးရိုက်နေရာ ကောင်လေးက ဆက်ကနဲခေါင်းထောင်ပြီးကြည့်လာတာမို့ ရှောင်းကျန့်ဖုန်းလေးကိုအမြန်ပိတ်ပြီးအခန်းရှေ့ကပြေးထွက်လာတယ်။

ရှောင်းကျန့်ပြေးလာလိုက်တာ သူ့ခန်းထဲရောက်တဲ့အထိပဲ။ အခန်းထဲရောက်တော့ရင်ဘက်ကိုအသာဖိရင်း ဖုန်းလေးကိုပြန်ထုတ်ကြည့်ကာပြုံးနေတယ်။ နောက်ဆုံးမှာ‌ ကောင်လေး မော့ကြည့်လိုက်တာက သူနဲ့အကြည့်ချင်းဆုံသလိုဖြစ်ပြီး ရင်တွေခုန်လာတယ်။ ထပ်ခါထပ်ခါ ပြန်ကြည့်တိုင်းထပ်ခါထပ်ခါရင်ခုန်တယ်။ရှောင်းကျန့်ဖုန်းလေးကို ရင်ဘက်မှာပိုက်ပြီး ခေါင်းလေးခါကာ မှောက်အိပ်လိုက်တယ်။ သူတစ်ကယ်ကိုရူးသွားပြီ။

🎶မင်းရဲ့ မင်းရဲ့ အချစ်မျက်ဝန်း🎶

ရှောင်းကျန့်က အထက်တန်း Aခန်းကဖြစ်ပြီး အထက်တန်း B ခန်းကဝမ်ရိပေါ်ကိုကြိတ်သဘောကျနေတယ်။ ဝမ်ရိပေါ်ကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သလို အခြေကိုယ်တော်လေးလို့လူသိများတယ်။ရှောင်းကျန့်ကတော့ နားရွက်အုပ်တဲ့ထိဆံပင်ကွေးကွေးလေးတွေရှိနေပြီး မျက်နှာကိုကာကွယ်ရန်မျက်မှန်ကိုင်းအမဲကြီးတပ်ထားတာတဲ့ လူမသိသူမသိ ကျောင်းသားလေးတစ်ယောက်ပါ။

_____
ရိုးသားတဲ့အပြုံးနဲ့ သွားကြီးကြီးလေးတွေပိုင်ဆိုင်ထားတယ်။ဖြူစင်တဲ့မျက်ဝန်းလေးက ဝမ်ရိပေါ်တစ်ယောက်တည်းကိုပဲမြင်တယ်။ ရှောင်းကျန့်နဲ့စကား‌ပြောရင် ဝမ်ရိပေါ်ကိုချစ်တဲ့အကြောင်းပဲပြောမယ်။ တစ်ရေးနိုးထမေးရင်တောင် ပါးစပ်တွေမဟခင် မျက်လုံးလေးတွေက အရင်စကားပြောတယ်။ဝမ်ရိပေါ်ကိုချစ်တယ်။

______

စိတ်ကူးထဲရှိလို့အစပျိုးထားတာပါ။ ဆက်ရေးဖို့ကတော့ စာဖက်သူတွေရဲ့အပေါ်မှာပဲ မူတည်ပါတယ်။ သဘောကျရင်တော့ ရေးဖို့အားရှိတာပေ့ါ။ ဇာတ်လမ်းက တွေ့နေကြပုံစံတိုင်းလေးပါပဲ။ မဆန်းပါဘူး။ ပေါ့ပေါ့ပါးပါးလေးပါ။☺️☺️☺️☺️

My First Love (or) My Ex (Completed)Where stories live. Discover now