မကြာခင်ညရောက်တော့မှာဆိုတော့ရှောင်းကျန့်နဲ့ အဆင်မပြေလို့မဖြစ်ဘူးလေ။ဒါကြောင့် တတ်သမျှနည်းမျိုးစုံသုံးပြီးချော့ရတယ်။ ရှောင်းကျန့်ကတော့ အထင်လွဲခံရတာရောရှက်တာရောပေါင်းပြီး ငိုနေတုန်းပဲ။
"ဟိုလေ....သိတယ်မလား ကိုယ်ကအရင်ကဒီလိုမဟုတ်ဘူးမှတ်လား။ ကိုယ်နေမကောင်းလို့လုပ်မိတာကို ကျန့်ကဗွေယူလို့မဖြစ်ဘူးလေ။ကိုယ်အရမ်းကြောက်လို့ မှတ်ဉာဏ်တွေ ပြေးကုန်တော့မယ်။"
အဲ့လိုပြောတော့ ရှောင်းကျန့် ကမငိုမိကမငိုမိအောင်ထိန်းလိုက်တယ်။
"အရင်ကကိုယ် မင်းကိုအရမ်းသဘောကျတာပဲလား။"
ရှောင်းကျန့်ခေါင်းညိမ့်တယ်။
"ကိုယ်ဘာမှ မမှတ်မိတော့တာတောင် မင်းကိုသဘောကျတာကပြောင်းမသွားဘူးပဲ။"
ရှောင်းကျန့် မျက်ရည်တွေကြားကရှက်ကိုးရှက်ကန်းလေးပြုံးလိုက်တယ်။ ညစာငက်မှာစိုးလို့သူ့ကိုအချိုသတ်နေတာသူမသိဘူး။ ရှောင်းကျန့်ပြုံးတော့ရိပေါ်က အားတတ်သွားတယ်။
"နေလို့ကောင်းသွားအောင် ကိုယ်အသီးချိုချိုလေးလုပ်ပေးမယ်။"
ဒီတစ်ရက်မှာပဲ ပုံစံအမျိုးမျိုးပြောင်းနေတဲ့ရိပေါ်ကို ရှောင်းကျန့်အံ့အားသင့်နေတယ်။ ရိပေါ်က အသီးတွေလှီးနေတော့ ထမင်းစားစားပွဲမှာ ထိုင်စောင့်နေလိုက်တယ်။ ပြီးတော့ရိပေါ်က ပန်းသီးစိတ်နဲနဲ နဲ့ စပျစ်သီးနဲနဲပန်းကန်ထဲထည့်ပြီးယူလာတယ်။
"ကိုယ်ခွံ့ကျွေးမယ်။"
ရိပေါ်ကပန်းသီးစိပ်ကိုခွံ့ကျွေးတော့ ရှောင်းကျန့်က သူ့ကိုပြူးကြောင်လေးကြည့်ပြီးဝါးနေမိတယ်။ရုတ်တရက်ပြောင်းလဲ သွားတဲ့ရိပေါ်ကပုံမှန်ရောဟုတ်ရဲ့လား။
ပန်းသီးစိတ်တွေကိုဝါးလိုက်တိုင်း ပန်းသီးအရည်တွေကပါးစပ်ကနေလျှံပြီး အနည်းငယ်ပြန်ကျလာတော့ တစ်ရှူးနဲ့ရိပေါ်သုတ်ပေးလိုက်တယ်။တလှုပ်လှုပ်နဲ့ဖောင်းနေတဲ့ပါးကြီးကို ကြီးပြီး ရိပေါ်ရဲ့အကြည့်တွေက တဏှာခိုးတွေထွက်လာတယ်။
"ကို...!"
"အာ...ထပ်စားချင်သေးလို့လား။"
"ဟင့်အင်း။"