ရိပေါ်ရေချိုးပြီးတော့ ကုတင်ပေါ်မှာ အဝတ်စား အဆင်သင့်ထုတ်ထားတာတွေ့လိုက်တယ်။အဲ့ထဲမှာ အတွင်းခံလည်းပါတာမို့ ရိပေါ်မျက်နှာပူသွားတယ်။
"အဲ့လောက်လုပ်ပေးစရာမလိုပါဘူး။ကိုယ့်ဘာသာထုတ်ဝတ်မယ်။"
ရိပေါ်က သူ့ဘာသာတစ်ခြားတစ်စုံထုတ်ဝတ်တော့ ရှောင်းကျန့်ကသူ့ကိုကြည့်ရင်း မျက်ရည်တွေဝဲလာတယ်။
"မင်းရွေးပေးထားတာ အနီရောင်ကြီး။ငါဒီနေ့ နဲနဲစိတ်ရှုပ်နေလို့ပါ။"
ရိပေါ်အပြောကြောင့် ကျလုဆဲဆဲမျက်ရည်တွေပြန်ဝင်သွားတယ်။ ရိပေါ်တစ်ချက်သူကို ခိုးကြည့်လိုက်ပြီး အခန်းပြင်ထွက်သွားတယ်။
"စိတ်ရှုပ်စရာပဲ။အဝတ် ဝတ်တာတောင်သူ့မျက်နှာကြည့်နေရတယ်။"
ရိပေါ်ထုံးစံအတိုင်း laptop ရှေ့မှာထိုင်လိုက်တော့ video call တစ်ခုဝင်လာတယ်။ဒီအချိန်မှာ သူစကားပြောဖို့အဆင်မပြေဘူး။ သူဘယ်သူ့ကိုမှ မမှတ်မိဘူး။
"ကိုကိုအဲ့တာ ကိုကို့သူငယ်ချင်းတွေ။"
ရှောင်းကျန့်ကသူ့ဘေးမှာရောက်နေပြီးပြောတယ်။ သူ့ကိစ္စအားလုံးကို လိုက်ပြီးစွတ်ဖက်နေခဲ့တာလား။ သေချာတယ်အဲ့လိုလူဆိုသူကမုန်းမှာ။ ရှောင်းကျန့်ကသူ့အနောက်မှာမက်တပ်ရပ်နေတော့ ကင်မရာထဲမှာ သူ့ပုံပေါ်နေတယ်။
"ရိပေါ် မင်းနေကောင်းပြီလား။တော်သေးတာပေါ့ကွာ။ငါတို့အရမ်းလန့်နေတာ။"
သူငယ်ချင်းတွေကအမျိုးမျိုး စိုးရိမ်ပူပန်စကားပြောကြပေမယ့်
"အားနာပါတယ်။ငါမင်းတို့ကိုတောင်မမှတ်မိသေးဘူး။"
"ငါတို့သိပါတယ်။ဒါနဲ့ မင်းအမျိုးသားလား"
ရိပေါ် ဖန်သားပြင်မှာပေါ်နေတဲ့ရှောင်းကျန့်ကိုတစ်ချက်ကြည့်ပြီး
"မင်းတို့သူ့ကို မသိဘူးလား။"
"အင်းလေ။မင်းကတစ်ခါမှ မိတ်မဆက်ပေးဘူး။ ခုလိုတောင်ကြည့်ခွင့်ပေးတာမဟုတ်ဘူး။ မင်းသတိရရင် သေချာပေါက်နောင်တရလိမ့်မယ်ဟားဟား"
သူတို့အပြောကြောင့် ရှောင်းကျန့်အပျော်လှိုင်းလေးဖြတ်သွားကာ ပြုံးလိုက်တယ်။