Part-10

3.5K 247 5
                                    

ရှောင်းကျန့်သူ့ရဲ့ အိမ်ထောင်သည်ဘဝကိုတွေးရင်းကြည်နူးမိတယ်။ ကိုယ်ချစ်ရသူနဲ့လက်ထပ်ရတယ်ဆိုတဲ့လူဆိုတာ နည်းတယ်ဆိုပေမယ့် အချစ်ဦးနဲ့လက်ထပ်ပေါင်းဖက်ရတယ်ဆိုတာကတော့ ကံအကောင်းဆုံးလူသားလို့ပြောလို့ရတယ်။ရှောင်းကျန့်ခြင်းလေးပိုက်ပြီး သူ့ယောက်ျားချွတ်ထားတဲ့အဝတ်တွေကိုလိုက်ကောက်တယ်။ တွေ့ရင်တွေ့တဲ့နေရာမှာချွတ်တယ်။ဘာလုပ်လုပ်ရှောင်းကျန့်အနောက်ကနေအမြဲလိုက်ကောက်ရတယ်။ ဒါပေမယ့်အဲ့တာသူချစ်တဲ့ယောက်ျားမို့ ဘာလုပ်လုပ်ချစ်စရာကောင်းတယ်။ ခပ်ဝေးဝေးမှာလွင့်နေတဲ့ အတွင်းခံကိုရှောင်းကျန့်ကောက်ပြီး ရယ်မိသွားတယ်။ အတွင်းခံကိုအလောတကြီးချွတ်ပြီး လွှင့်ပစ်တာသူ့အကျင့်။ဘာကြောင့်လောလဲဆိုတာတော့ မပြောလည်းသိမှာပါ။ရှောင်းကျန့်ကအရမ်းလှနေတာကိုး။

ရှောင်းကျန့်အဝတ်စားတွေကိုစက်ထဲထည့်လျှော်ပြီး သူပါရေချိုးလိုက်တယ်။ ရေချိုးဆပ်ပြာကအစ lotion အဆုံး ပင်မှည့်သီးရနံ့အသစ်လေးကိုဝယ်လာတယ်။ ကြွေနေတဲ့ယောက်ျားကိုထပ်ပြီးခြွေချဖို့သူရည်ရွယ်ထားတယ်။ ရေချိုးပြီးတော့ ဘောင်းဘီတိုတိုလေးနဲ့ တီရှပ်လေးဝတ်လိုက်တယ်။ဘောင်းဘီကတိုလွန်းလို့အောက်ပိုင်းက တင်သားလေးတောင်ထွက်နေတယ်။ အဲ့တာမျိုးသူဒါဇင်လိုကါဝယ်ထားတယ်။ ရိပေါ်ကအိမ်မှာ အလုပ်သမားတောင်မထားဘူး။ခြံစောင့်လောက်ပဲထားတယ်။ စက်တွေနဲ့သန့်ရှင်းရေးလုပ်တယ်ဆိုပေမယ့် အဲ့စက်တွေကလည်း ပစ်ထားလို့မှမရပဲ။ အိမ်သန့်ရှင်းရေးနဲ့ဝေယာဝစ္စပြီးတော့ရှောင်းကျန့် အလုပ်လုပ်နေတဲ့ သူ့ယောက်ျားရှိရာအောက်ထပ်ဆင်းလာတယ်။သူကကိုယ့်ထက်အလုပ်များတယ်။မနက်တည်းက အဲ့ laptop အရှေ့ကမခွာဘူး။ ရှောင်းကျန့်ဆင်းလာတာကိုလည်း သူသိ‌ပုံမပေါ်ဘူး။

ရှောင်းကျန့် ရေခဲသေတ္တာထဲကိုကြည့်လိုက်တယ်။ သူ့ယောက်ျားကြိုက်တဲ့ ဟင်းတွေချက်ဖို့ဘာတွေထက်ဝယ်ရဦးမလဲ။

"ဝိုး....ရိပေါ်..."

ရိပေါ်ရဲ့ laptop ထဲကထွက်လာတဲ့အသံကြောင့်ရှောင်းကျန့်လှည့်ကြည့်လိုက်တယ်။ ရိပေါ်က video call chat နေတာဖြစ်ပြီး camera ထဲကိုရှောင်းကျန့်ကဝင်နေတယ်။ ရိပေါ် camera ကိုချက်ချင်းအဝတ်နဲ့ အုပ်ပစ်ပြီး mute ပါလုပ်လိုက်တယ်။ ပြီးနောက်ရှောင်းကျန့်ဖက်လှည့်ကာ

My First Love (or) My Ex (Completed)Where stories live. Discover now