အိမ်ရောက်တော့မှ ပြောချင်ရာပြောခဲ့တာတွေအတွက်ရှောင်းကျန့်ပူပန်နေတယ်။မားရောအဆင်ပြေပါ့မလား။ သူတို့ရဲ့ပိုင်ဆိုင်မှုကိုတွေသိမ်းလိုက်ရင် ရိပေါ်ဝါသနာပါတဲ့အလုပ်တွေရော ပါကုန်မှာ။ ဒါကြောင့်ရှောင်းကျန့် မအိပ်နိုင်ပဲ ငိုနေတယ်။
"သည်းခံလိုက်သင့်တာ။ ဘာမဟုတ်တဲ့ဒေါသကြောင့် ..."
"မင်းမှန်တယ် baby .ကိုယ်ကမင်းရဲ့အန်တီလေးလို ငြိမ်ခံနေမှာမဟုတ်ဘူး။"
"ဒါပေမယ့်..."
"ကိုယ့်ဆီက အကုန်ပြန်သိမ်းသွားလည်းကိုယ်ဂရုမစိုက်ဘူး။ ကိုယ်မင်းနဲ့ ဘယ်ဘဝပဲဖြစ်ဖြစ်နေနိုင်တယ်။"
"သူက သိမ်းပစ်ရုံတင်မဟုတ်ဘူး။လူကိုပါသေတဲ့အထိ လိုက်ထိုးနှက်မှာ..."
"သူတောင် မညှာမှ တော့ကိုယ်တို့ညှာဖို့မလိုဘူး။"
အဲ့ဒီအချိန်မှာ ရှောင်မားဖုန်းဝင်လာတယ်။
"မား...အဆင်ပြေရဲ့လား"
"အားကျန့်...."
"ကျွန်တော်မှားသွားပါတယ်။ ကျွန်တော့်ကြောင့်..."
"မင်းရဲ့အဘိုးဆုံးသွားပြီ။"
"ဗျာ...အဲ့ အဲ့တာဘာပြောတာလဲ။ ခုနကတောင် အကောင်းကြီးလေ။ကျွန်တော့်ကြောင့်ထင်တယ်။ ကျွန်တော် ကမကောင်းတဲ့ကောင်ပဲ။ဟင့် ဟင့်"
"မဟုတ်ပါဘူး။သူသာမိသားစုဝင်တွေကို နွေးနွေးထွေးထွေးဆက်ဆံရင် ခုလိုမျိုးရှင်သန်ရမှာမဟုတ်ဘူး။ သူနောင်တရပြီး ဝန်ချတောင်းပန်တော့ အကုန်လုံးက လက်ခံကြိုဆိုကြတယ်။ နွေးထွေးတဲ့မိသားစုရဲ့ အရသာကို တစ်နာရီလောက်ပဲ ခံစားလိုက်ရတယ်။ မိသားစုတွေရဲ့စိတ်ရင်းအမှန်နဲ့ မေတ္တာကိုသိရပြီး ဘဝမှာတစ်ခါမှ မခံစားဖူးတဲ့ပျော်ရွှင်ကြည်နူးစရာ ခံစားချက်ကို တောင့်မခံနိုင်ပဲ ဆုံးသွားတာ။ ဝမ်းသာလုံးဆို့ပြီး သေသွားတာလို့ပြောလို့ရတယ်။"
အဲ့ဒီတော့မှရှောင်းကျန့်မျက်ရည်တွေကျတာရပ်သွားတယ်။
"တစ်ချိန်လုံးငိုနေတော့တာပဲ။ နားရအောင်"
ရိပေါ်က သူ့ကိုချော့မော့ကာအိပ်ယာဝင်စေခဲ့တယ်။
_____နံနက်ခင်းမှာ အကြောင်းမကြားထားပဲ ရိပေါ်ရဲ့ ပါးနဲ့မားရောက်လာတယ်။ ရှောင်းကျန့်က သူနဲ့စကားအခြေတင်များထားတာမို့မျက်နှာနဲနဲပူနေတယ်။ ဒါပေမယ့်ရိပေါ်ကိုပြန်ခေါ်သွားကြမှာသူစိတ်ပူနေတယ်။