Part-7

3.4K 259 12
                                    

"မင်းလက်ထပ်ရမယ်။"

"ဗျာ...မားအဲ့တာတော်တော်လွန်သွားပြီ။"

"ပြောတာကိုဆုံးအောင်နားထောင်ပါဦး business အရလက်ထပ်ရမှာ။"

"ဘာတွေလုပ်လာပြန်ပြီလဲ။"

"သူတို့မိသားစုကအရမ်းရှေးရိုးစွဲတယ်။သူတို့ဘိုးဘေးတွေပြောခဲ့တာကိုခုထိယုံကြည်တုန်းပဲ။ သူတို့ရဲ့တွက်ချက်မှုအရ ငါ့သားနဲ့သူတို့မြေးက ဖူးစာဖက်ဖြစ်နေတယ်။ သူတို့က သူတို့မြေးမွေးကတည်းက အတူတူမွေးလာတဲ့ ကလေးတွေရဲ့ နာမည်ကိုစာရင်းလုပ်ပြီးသား။ အဲ့ထဲမှာငါ့သားနဲ့ သူတို့မြေးဇာတာက ပေါင်းဖက်ဖို့ထပ်တူကျတယ်။"

"အခုမှရုတ်တရက်ကြီး"

"သူတို့လည်းအခုမှဆက်သွယ်လာလို့ မားသိတာ"

"လွယ်လွယ်နဲ့လက်ခံ ရတဲ့အကြောင်းကဘာလဲ"

"မင်းတို့လက်ထပ်ရင်နေဖို့ နန်းတော်လောက်ရှိတဲ့အိမ်ကြီး လက်ဖွဲ့တယ်။"

"ကျစ်..လက်မခံနိုင်ဘူး။"

"တစ်ကယ်လို့ ကွဲခဲ့ရင်လည်းပိုင်ဆိုင်မှုတွေအကုန်ငါ့သားရမှာ။ကလေးပါရခဲ့ရင်တော့ ဒီထက်မကတဲ့ စည်းစိမ်တွေထပ်ရမှာတဲ့"

"အဓိပ္ပါယ်မရှိတာ။ ကလေးပါရသွားပြီးကွာရှင်းဖို့ဆိုတာဖြစ်နိုင်မှာလား"

"ကလေးရဖို့ကတော့ မဖြစ်နိုင်ဘူး။သူတို့ကရူးတာ။ ကလေးမရရင်တော့ ကွာရှင်းမယ်လို့ မားကအပြတ်ပြောခဲ့တယ်။ဘာလို့ဆိုတော့မားလည်း မြေးချီချင်တယ်။"

"ကလေးရမှာမဟုတ်ဘူး။အမှန်ပဲ ကျွန်တော်လည်းသူ့အသားကိုတောင်ထိမှာမဟုတ်ဘူး။"

"မင်းထိလည်း မရဘူး။ သူကယောက်ျားလေး"

"ဟမ်"

"ဖန်ပြွန်သ‌န္နြေ ‌မျိုးမလိုချင်ဘူးလို့အပြတ်ပြောခဲ့တယ်မင်းအမေဘယ်လောက်တော်လဲ။ပြီးတော့ ဒီလက်ထပ်မှုက မင်းအတွက်အကျိုးမြတ်အများကြီးကျန်တယ်။"

"မားအတ္တတွေတော်ပါတော့။ကျွန်တော်တို့အဲ့လောက်ထိ ပိုက်ဆံလိုမနေဘူး။"

"မင်း မင်းကငါကိုအာခံနေပြီလား။ငါ့ကိုမချစ်တော့ဘူးလား"

ဝမ်မားကရင်ဘက်ကိုဖိပြီးငိုလာတော့ ဝမ်ပါးကပြေးလာတယ်။

My First Love (or) My Ex (Completed)Onde histórias criam vida. Descubra agora