Part-11

3.2K 247 9
                                    

ဝမ်ရိပေါ် ကနေဒါကိုအလုပ်ကိစ္စသွားမှာမို့ရှောင်းကျန့်ပြင်ဆင်ပေးနေတယ်။ တစ်ညအိပ်ခရီးပဲမို့ရှောင်းကျန့်ပင်ပန်းမှာစိုးလို့ခေါ်မသွားတော့ဘူး။

"ကို...ဂရုစိုက်နော်"

"အင်း baby ရောပဲ"

ရိပေါ် china ကထွက်လာတာ နေ့လယ်ဆိုပေမယ့် ကနေဒါက မိဘအိမ်ကိုရောက်တော့ မနက်စောစော မိုးတောင်သိပ်မလင်းသေးဘူး။ china နဲ့ အချိန်ကွာတယ်။ သူ့အမေကဝမ်းသာအားရကြိုဆိုနေတယ်။ဘေးမှာလည်း မိန်းကလေးတစ်ယောက်ရှိနေတယ်။အဲ့ဒီမိန်းကလေးက ရိပေါ်မရင်းနှီးပေမယ့်သိတယ်။မကြာခနသူ့အမေဆီ ပန်ကိတ်အတူလာလုပ်နေတဲ့မိန်းကလေး။

"Hello ကောကော မတွေ့တာကြာပြီ။"

"အာ ဟုတ်ကဲ့"

"သား သူကဂျက်ဆီကာလေ။သားမြင်ဖူးတယ်မဟုတ်လား။"

"အွန်း တစ်ခါတစ်လေအိမ်လာတာတွေ့ဖူးတယ်လေ။"

"ကော ပိုပြီးချောလာသလိုပဲနော်။အရင်နဲ့လုံးဝမတူဘူး။"

ဝမ်မားဆီမှာအကြံတစ်ခုခုရှိတာရိပေါ်သိတယ်။ ဂျက်ဆီကာက အရင်ကဒါမျိုးပရောပရီမလုပ်ရဲဘူး။ဝမ်မားခွင့်ပြုချက်မရှိပဲဘယ်သူမှ ဒီအိမ်မှာစွတ်စွတ်ဆက်ဆက်မလုပ်ရဲဘူး။

"ရိပေါ်ကော စားချင်တာရှိရင်ပြောနော်။ဂျက်ဆီကာချက်ပေးမယ်။"

"ရပါတယ်။ကျွန်တော်အချိန်သိပ်မရဘူး။တစ်ရက်ပဲလို့အမျိုးသားကိုပြောခဲ့တယ်။"

ရိပေါ်အပြောကြောင့် သူ့အမေကမျက်လုံးထောင့်ကပ်ပြီးလှမ်းကြည့်တယ်။ အဓိပ္ပါယ်ကိုသဘောပေါက်တဲ့ရိပေါ်က ရှောင်းကျန့်နဲ့သူချစ်နေတာသိမှာစိုးတဲ့အတွက်

"စည်းကမ်းကစည်းကမ်းပဲ။ နေရာတိုင်းစိတ်ခံစားချက်ထည့်တွက်နေလို့မရဘူး။"

"ဟုတ်တယ် ဟုတ်တယ်။ကောရဲ့ အိမ်ထောင်ရေးအကြောင်း ဂျက်ဆီကာသိသင့်သလောက်သိတယ်။ဟန်ဆောင်လက်ထပ်တာဆိုပေမယ့်။ ကိုယ့်ဘက်က foul မဖြစ်အောင်နေတာအကောင်းဆုံးပဲ။"

"ဟန်ဆောင်လက်ထပ်တာ?"

သူတောင်တစ်ခါမှ မကြားဖူးတဲ့စကားကြောင့်ရိပေါ်အံ့ဩသွားတယ်။ မသိချင်ဟန်ဆောင်နေတဲ့သူ့အမေကို ကြည့်မိတော့မှ သူသဘောပေါက်သွားတယ်။

My First Love (or) My Ex (Completed)Where stories live. Discover now