ရှောင်းကျန့်ကိုဝမ်ရိပေါ်သတိထားမိနေပြီ။အဲ့နောက်ပိုင်း ရှောင်းကျန့်ကခေါင်းစွပ်ပါတဲ့ အနွေးထည်ကို ဝတ်လာပြန်တယ်။ သူတို့ထိုင်နေကြသစ်ပင်ကြီးအောက်မှာက သူရာယ် ယမ်ယမ်ရာယ်ပဲ မဟုတ်ဘူး။တခြားကျောင်းသူကျောင်းသားတွေလည်းရှိတယ်။ သူတို့လည်းသူတို့အုပ်စုနဲ့သူတို့ စုဝေးစကားပြောမုန့်စားနေကြတာဖြစ်တယ်။
ဒီနေ့လည်းထုံးစံအတိုင်းရှောင်းကျန့်နဲ့ယမ်ယမ် အပင်အောက်မှာရှိနေတယ်။
"ကျန့် ကျန့် ရိပေါ်"
ယမ်ယမ်ပြောတာကိုရှောင်းကျန့် ခေါင်းမဖေါ်ရဲဘူး။ မကြာခင်တော့ရိပေါ်ကအပင်အောက်ကိုဝင်လာတဲ့ခြေထောက်လေးတွေကိုခေါင်းငုံ့ရင်းနဲ့တွေ့လိုက်တယ်။
"ယမ်ယမ်ငါသွားပြီ"
ရှောင်းကျန့်အဲ့ကနေလှည့်ထွက်ခဲ့ပြန်တယ်။ ဝမ်ရိပေါ်က ယမ်ယမ်ကိုအဓိပ္ပါယ်ရှိတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်တယ်။ လူတွေအများကြီး ဘေးမှာရှိနေတာ သူလာမှ ထွက်သွားတာဆိုတော့ မဆုံချင်တာသူပဲဖြစ်လိမ့်မယ်။
"မင်းငါ့ကိုတစ်ခုခုပြောချင်တာရှိလား"
ရိပေါ်က ပီကေကိုတစ်ဖောက်ဖောက်ဝါးရင်း ယမ်ယမ်ကို မပီမပြင်မေးတယ်။
"ရိ ရိပေါ်ကောကလဲ။ ဘာတွေပြောနေတာလဲ။"
"ငါ့ကိုမြင်မှ ထွက်သွားတာလေ"
"ဟို ဟိုလေ"
"ရိပေါ်မင်းကလည်းကွာ ကြောက်လို့ဖြစ်မှာပေ့ါ။ကြည့်ပါဦး အကောင်ပေါက်လေးကြောက်နေပြီ။"
ကျန်းချန်က ယမ်ယမ်ကိုကြည့်ပြီး ရွှတ်နောက်နောက်ပြောကာ ဝမ်ရိပေါ်ရဲ့ပုခုံးကိုဆွဲပြီး ထွက်သွားတယ်။
"မင်း ကြွက်ကိုဘာလို့စိတ်ဝင်စားနေတာလဲ။"
" ငါသိသင့်တာ သိချင်တာဆန်းလား။"
"ဒါဆိုမေဂျာကွင်းကဘယ်သူလဲ။"
ရိပေါ်ဂုဏ်ယူစွာပြုံးလိုက်တယ်။
"မုန်ကျွင်း..."
မနေ့တည်းကသိအောင်လုပ်ထားတာလေ။အဟင်း။ဝမ်ရိပေါ်က အကုန်သိတယ်။အချဉ်မဟုတ်ဘူး။