ရိပေါ်ရဲ့ကျန်ရှိတဲ့ကျောင်းသားဘဝကို ကနေဒါမှာ ဖြတ်သန်းရတယ်။အရင်ကတည်းကတစ်ယောက်တည်းနေတတ်တဲ့သူပီပီ အခုပိုဆိုးသွားတယ်။ ဝမ်ပါးကတော့သူ့သားအခုလိုဖြစ်တာကိုသဘောမကျပေမယ့် ဝမ်မားက သူ့ဆန္ဒနဲ့အတ္တကိုပဲရှေ့တန်းတင်တယ်။ ရိပေါ်ကအနောင်တိုင်းသားတွေနဲ့စံချိန်တူကြီးပြင်းလို့ မျက်နှာသေချာမမြင်ရရင် အနောက်တိုင်းသားလို့ပဲထင်ကြတယ်။ သူ့အမေက weiboသုံးတာကအစခြေရာခံပြီးတင်းကျပ်တယ်။သူ့အကောင့်တုတွေနဲ့တစ်ချိန်လုံးစောင့်ကြည့်တယ်။ဒါကြောင့်ရိပေါ်လည်း သုံးချင်စိတ်မရှိဘူး။ အရင်တစ်ခါရှောင်းကျန့်ရဲ့ weibo အကောင့်လေးဝင်ကြည့်မိတယ်။ search နေရမှာ ရှောင်းကျန့်အကောင့်နာမည်လေး day toy ဆိုတာကိုမဖျက်မိတော့ သူ့အမေကတွေ့သွားတယ်။ ရိပေါ်အရင်က weibo မသုံးဘူး။ရှောင်းကျန့်ကိုချောင်းကြည့်ချင်လို့သာ Leo ဆိုတဲ့အကောင့်တစ်ခုဖွင့်ထားတာ။သူဘာpost မှလည်းတင်မထားပဲ။ profile ကကြွက်ပုံလေးပဲတင်ထားတယ်။
"တကူးတကဝင်ကြည့်ရအောင် သူကဘယ်သူလဲ"
ကျန်းချန်တို့ ဝမ်းနင်တို့ အကောင့်တွေကိုမားကသိနေတယ်။ဒါကြောင့်အကောင့်စိမ်းကို မရမကမေးတယ်။ ရှောင်းကျန့်အကောင့်လေးက သူနဲ့လမ်းခွဲတဲ့နေတုန်းက အတူသောက်ခဲ့တဲ့ကော်ဖီ၂ခွက်မှာပဲရပ်တန့်နေခဲ့တယ်။ အရင်တင်ထားသမျှကလည်း သူတို့ချိန်းတွေ့တဲ့ နားကပန်းလေးဖြစ်ဖြစ်ခုံလေးဖြစ်ဖြစ်အမှတ်တရတစ်ခုခုကိုတင်ထားတယ်။ အရင်ကအဲ့ဒီ post တွေကြောင့်ရှောင်းကျန့်ကိုပြောဖူးတယ်။ အမှိုက်ပုံတွေရိုက်မတင်နဲ့ဆိုပြီး။ ဒါပေမယ့်အခုပြန်ကြည့်တော့ လွမ်းဆွေးစရာတွေ ထင်ဟပ်နေတယ်။
"မား...ကျွန်တော်အသက် ၂၅တောင်ရှိပြီ။ ဝင်ကြည့်ချင်တာတောင်ဝင်ကြည့်မရဘူးလား။ဒီအတိုင်း ကျွန်တော်သူငယ်ချင်းတစ်ယောက်များလားလို့ဝင်ကြည့်မိတာ။"
ဝမ်မားက day toy အကောင့်ကို နဲနဲဆွဲကြည့်တယ်။
"အမှိုက်ပုံတွေပဲရှိတယ်။"
ရိပေါ် ဒေါသထွက်ပြီး မျက်နှာပါသိသိသာသာရဲလာတယ်။
"လူတိုင်းမှာခံစားချက်ရှိတယ်။ သူများတန်ဖိုးထားတဲ့အရာကိုအဲ့လိုလွယ်လွယ် မဆုံးဖြတ်နဲ့။"