ရှောင်းကျန့်မျက်လုံးလေးတွေပွင့်လာတော့ တောက်ပတဲ့မျက်ဝန်းတစ်စုံကို ဦးဆုံးမြင်ရတယ်။ ရုတ်တရက်ကြောင်ကြည့်နေပြီးမှ အသိဝင်လာပြီး ထထိုင်လိုက်တော့ ဝမ်ရိပေါ်ကသူ့ကိုလက်ကောင်ဝတ်က နေပြန်ဖမ်းဆွဲထားတယ်။
"ဘယ်ပြေးဦးမလို့လဲ"
"ငါ...ငါ..."
"ခုလိုရှောင်နေတာက မဟုတ်မှ...မင်းငါ့ကိုသဘောကျနေတာလား"
တည့်တိုးကြီးမေးချလိုက်တဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်မျက်ရည်ဥလေးတွေခိုလာတယ်။
"ထပ်ပြီးမေ့လဲမသွားနဲ့..မင်းခန္တာကိုယ်ကလေးတယ်"
"မ မလဲပါဘူး.."
ရှောင်းကျန့်ရှက်သွားတယ်။သူဝိတ်အရမ်းတတ်နေပြီလား။ အခုသူကနှစ်ယောင်ထိုင်ခုံရှည်လေးပေါ်မှာရိပေါ်နဲ့ဘေးချင်းကပ်ထိုင်နေတယ်။ သူတို့ခနကြာကြာတိတ်ဆိတ်နေတယ်။
"ငါနဲ့တွဲချင်တာလား"
တိတ်ဆိတ်တဲ့အခြေနေကို ရိပေါ်ဖျက်ဆီးလိုက်တော့ရှောင်းကျန့်ကထိတ်ထိတ်ပြာပြာဖြစ်သွားပြီး
"တောင်းပန်ပါတယ်။မတွဲချင်ပါဘူး။ဒီတိုင်းသဘောကျလို့ ခိုးရိုက်မိတာပါစိတ်မဆိုးပါနဲ့။"
ရိပေါ်လက်ကိုမြောက်ကာ ခုံရဲ့ကျောပေါ်တင်လိုက်ပြီး ပီကေကိုတဖောက်ဖောက်ဝါးရင်း အဝေးကြီးကိုကြည့်ရင်းတစ်ခုခုတွေးနေတယ်။ ရှောင်းကျန့်မရဲတရဲလေး ရိပေါ်ကိုခိုးကြည့်လိုက်တယ်။ သေသပ်ပြီးယောက်ျားဆန်တဲ့မျက်နှာ၊ စူးရှပြတ်သားတဲ့မျက်လုံးတွေ၊ တစ်ခါမှအနီးကပ်တွေ့ခွင့်ရလိမ့်မယ်လို့မထင်ခဲ့ဘူး။ သူငေးနေစဉ် ရိပေါ်ကလှည့်လာတော့ ချက်ချင်းမျက်နှာပြန်လွှဲလိုက်တယ်။ ဒါပေမယ့်ရိပေါ်ပြောတဲ့စကားကြောင့်ချင်ချင်းခေါင်းပြန်မက်လာတယ်။
"ငါ မင်းနဲ့တွဲမယ်ဆိုရင်ရော "
"ငါ ..ငါ"
"မနက်ဖြန် ကျောင်းမတတ်ခင်နာရီဝက်စောလာခဲ့။"
ရိပေါ်ကအဲ့လိုပြောပြီးထွက်သွားတယ်။ ရှောင်းကျန့် ခြေထောက်တွေက မလှုပ်မရပ်အဲ့ဒီနားမှာပဲ ရပ်နေမိတယ်။ အိမ်မက်များလားဆိုပြီး ကိုယ့်ကိုကိုယ်ဆိတ်ဆွဲကြည့်တော့နာလို့ထအော်မိတယ်။ ဖြတ်သွားဖြတ်လာတစ်ချို့ကတော့ ကိုယ့်အသားကိုယ်ဆိတ်ပြီး အော်နေတဲ့လူကို သင်္ကာမကင်းမျက်လုံးတွေနဲ့ကြည့်သွားကြသေးတယ်။