Part-9

3.4K 233 5
                                    

မြွေကိုက်သွားတဲ့နေ့ကိုပြန်တွေးမိတိုင်းကို ရိပေါ် ရှောင်းကျန့်ကိုရူးမတတ်သတိရတယ်။ပထမဆုံးထိတွေ့ဖူး၊ ချစ်မိဖူးတဲ့အချစ်ဦးလေးကိုသူတစ်ရက်မှ‌ မေ့မရဘူး။ မယုံကြည်နိုင်လောက်အောင်ပဲ အဲ့ဒီလူသားလေးက သူ့နဲ့တစ်ကုတင်တည်းမှာရှိနေပြီ။ ရှောင်းကျန့်ကအရင်လိုပဲမပြောင်းလဲဘူး။ သူလုပ်သမျှငြိမ်ခံပြီး သူ့အလိုကိုလိုက်တုန်းပဲ။ မျက်နှာနုနုကို အုပ်မိုးပြီးဖွဖွနမ်းကာ ရိပေါ်အချစ်တွက်အစပျိုးလိုက်တယ်။

"အားကျန့်...အားကျန့်ဒီထဲမှာလား"

ရှောင်မားရဲ့တံခါးခေါက်သံကြောင့်သူတို့ထလိုက်ကြတယ်။

"သားရိပေါ်"

ရှောင်မားကရိပေါ်လက်ကလေးကိုကိုင်ကာ ပြောတယ်။

"ကျေးဇူးတင်ပါတယ်။ တို့ရဲ့အားကျန့်လေးကိုအကောင်းမြင်ပေးလို့ကျေးဇူးတင်တယ်။"

"ဘာဖြစ်ဖြစ်သူနဲ့ကျွန်တော်က အတူတူခရီးဆက်ရမယ့်သူတွေဆိုတော့အတတ်နိုင်ဆုံး အ‌ဆင်ပြေဖို့ပဲကျွန်တော်လိုလားလို့ပါ။"

"အင်းပါ ။သားကျန့်မအိပ်သေးဘူးလား။"

"သူခုနက နဲနဲကြောက်သွားလို့ကျွန်တော်နှစ်သိမ့်ပေးနေတာ။"

"ကျေးဇူးတင်ပါတယ်။အားကျန့်လာလေ။သားဝမ်နားပါစေဦး။"

ရှောင်းကျန့်က ခေါင်းလေးညိမ့်ပြီးရိပေါ်ကိုတစ်ချက်မော့ကြည့်ကာအခန်းထဲမှ ထွက်သွားတယ်။ သူတို့ထွက်သွားတော့ရိပေါ်အံကြိတ်ကာ သက်ပြင်းအရှည်ကြီးချလိုက်တယ်။
___
အခန်းထဲရောက်တော့ ရှောင်းကျန့်ပြုံးပြုံးလေးလုပ်ရင်းရေချိုးဖို့လုပ်လိုက်တယ်။ ရိပေါ်ဘယ်လောက်နှာကောက်နေမလဲ တွေးတာနဲ့ရယ်ချင်တယ်။ သူရေချိုးလို့လန်းသွားတဲ့အချိန်မှာတော့ bathrobe လေးဝတ်ပြီး အိပ်ယာပေါ်လှဲချလိုက်တယ်။ အမှန်တော့သူလည်း ရိပေါ်နဲ့တစ်ခန်းတည်းနေချင်လှပြီ။

"ဒေါက် ဒေါက် ဒေါက်"

တံခါးခေါက်သံကြောင့် ရှောင်းကျန့်လေးပင်စွာပဲထလိုက်တယ်။

"မား...ကျွန်တော်နားပြီ...အု"

တံခါးခေါက်တာရိပေါ်ဖြစ်နေတယ်။တံခါးဖွင့်လိုက်တာနဲ့ ရှောင်းကျန့်ရဲ့နှုတ်ခမ်းတွေကိုဖိပြီးခါးကနေမသွားတယ်။ ရှောင်းကျန့်ကသူ့အပေါ်မှာ ကပ်လျှက်ပါသွားပြီး ကုတင်ပေါ်ထပ်လျှက်ကျသွားတယ်။ ရှောင်းကျန့်နှုတ်ခမ်းတွေကိုရိပေါ် အငမ်းမရနမ်းတယ်။ဘာစကားတစ်ခွန်းမှ မပြောပဲ ရင်ဘက်တွေကိုစုပ်တယ်။ ရှောင်းကျန့်သူ့ခေါင်းကိုအသာထိန်းရင်း ညည်းညူတာကလွဲပြီး ဘာမှမလုပ်ဘူး။

My First Love (or) My Ex (Completed)Where stories live. Discover now