ရိပေါ် ညကလိုထပ်စမ်းချင်သေးတယ်။ ဖာသိဖာသာကြီးနေပြီး လုပ်ရအောင်သွားပြောတာက နဲနဲရှက်စရာကောင်းတယ်လို့ထင်တယ်။ ဒါကြောင့်သူနဲ့ရင်းနှီး နေပြီး နီးစပ်ဖို့ဆုံးဖြတ်လိုက်တယ်။သူ့ဘယ်လိုစပြီး စကားဦးသန်းရမလဲမသိဘူး။သိတယ်မလား သူကcool guy လေ။ သူသဘောမကျတဲ့လူကို ဟန်ဆောင်ပြီးပြုံးပြနေမယ့်လူစားလဲမဟုတ်ဘူး။ ဘယ်တော့မှလည်း အရင်ဆုံးသူ့ဘက်ကစပြီး မိတ်ဆက်တာမျိုးလုပ်မှာမဟုတ်ဘူး။
"အဟမ်း....ဒါနဲ့"
ရှောင်းကျန့်က ဟင်းအိုးပိတ်ပြီးလှည့်ကြည့်တယ်။ ပြီးတော့ ဟင်းကိုခပ်ပြီး စားပွဲပေါ်လာတင်တယ်။ရှောင်းကျန့် ခေါင်းလေးငုံ့ထားရကမသိမသာခိုးကြည့်ရင်း အကြည့်စုံသွားတယ်။
"ငါတို့အရင်က နေတဲ့ပုံစံအတိုင်းမင်းလုပ်ပေးလို့ရမလား။ "
"အဲ့...အဲ့တာက.."
အရင်ကသူတို့က မုန့်လင်မယားလိုပဲပူးကပ်နေကြတာလေ။ အခုက သူ့အနားကပ်ရင်နောင် တဆက်ဆက်ဖြစ်နေတာ။ တစ်ဖက်သက်ကြီး အရင်လိုပုံစံနေပြရမယ်ဆိုတော့ ရှောင်းကျန့် တွေဝေနေတယ်။ ..
"ဘာလဲ။မလုပ်ချင်လို့လား..."
"မဟုတ်ဘူး။အဲ့တာ ကို အခုအခြေနေအတွက်အရမ်းခက်ခဲလိမ့်မယ်။"
"ဘာလို့လဲ။ ငါမြန်မြန်သတိရချင်တယ်။မင်းမကူညီပေးချင်ဘူးလား။"
ရှောင်းကျန့်မျက်နှာလွှဲပြီး ရိပေါ်ရဲ့ပေါင်ကိုလက်ညိုးထိုးကာ
"ကျွန်တော် မနက်စာကိုဒီမှာထိုင်စားတာ။"
ရိပေါ်မျက်လုံးလေး ပင့်တတ်သွားတယ်။
"အိုကေ..ဒါဆိုလာလေ"
"တစ် တစ်ကယ်လား။
"ငါကအရင်က ညာပြောဖူးလို့လား။"
"မဟုတ်ပါဘူး။ ကိုကတစ်ခါမှ မညာဘူး"
ရှောင်းကျန့်ရိပေါ်ရဲ့ပေါင်မှာထိုင်လိုက်တယ်။ ရိပေါ်ရဲ့ ဝင်လေထွက်လေကသူ့နားရွက်မှာ လာရိုက်တယ်။ရှောင်းကျန့်လှည့်ကြည့်ဖို့လုပ်တော့ ရိပေါ်ကသူ့ခေါင်းကို လှည့်မရအောင် ပြန်တွန်းလိုက်တယ်။