ခြေသံတွေကြားတော့ ဝမ်ရိပေါ်နဲ့ရှောင်းကျန့်မက်တပ်ရပ်လိုက်ကြတယ်။ သူတို့မိဘတွေတတ်လာကြတာဖြစ်ပြီး ရှောင်မားကပြောတယ်။
"သားဝမ် သဘောကျရဲ့လား။ လိုတာရှိရင်ပြောနော်သားဝမ်စိတ်တိုင်းကျပဲ။"
"အဆင်ပြေပါတယ်။"
"ဒါနဲ့လေ သားဝမ်ကဒီအခန်းသုံးချင်သုံးလို့ရတယ်။ မင်္ဂလာမဆောင်သေးတာမို့ အားကျန့်ကိုတစ်ဖက်အခန်းမှာ သုံးခိုင်းထားမယ်။"
"အာ...ဟုတ်ကဲ့"
ရိပေါ်နည်းနည်းအောင့်သက်သက်ဖြစ်သွားတယ်။ မကြာခင်မိုးချုပ်တော့မှာမို့သူတို့အတူ စကားပြောရမယ့်အချိန်သိပ်မကျန်ဘူး။ နောက်နေ့တွေရှိတာသိပေမယ့်။သူ့ကိုပြောချင်တာတွေရှိတယ်။ ဒါပေမယ့်ဝမ်မားအရှေ့မှာတော့ရိပေါ် ငမ်းငမ်းတတ်မလုပ်ပြဘူး။ ရှောင်းကျန့်ကိုသဘောမကျတဲ့ပုံနဲ့နေတယ်။ ဒါမှလည်း သူတို့ကလေးမရတာ နှစ်ယောက်သားအဆင်မပြေသေးလို့ဆိုပြီးအကြောင်းပြလို့ရမှာ။ ကလေးရဖို့က ယုံကြည်ချက်မရှိဘူး။ သိတဲ့အတိုင်းကလေးမရရင် ကွာရှင်းရမှာလေ။
ရိပေါ်ကခပ်တည်တည်ပဲ တစ်ယောက်တည်းအောက်ထပ်ကိုပြန်ဆင်းသွားတယ်။ နောက်တော့သူတို့လည်းအောက်ထပ်လိုက်ဆင်းတယ်။ ရိပေါ်ရဲ့ အလိုမကျနေတဲ့ မျက်နှာဘေးကြောင့်ဝမ်မား မျက်နှာပျက်ရတယ်။ ရှောင်းကျန့်ကတော့ရည်ရည်မွန်မွန်လေးနဲ့ အပြုံးရိပ်ရိပ်လေးရှိနေတယ်။
"မနက်ဖြန် မနက်ဘိုးဘိုးလာလိမ့်မယ်အားကျန့်"
ဘိုးဘိုးဆိုတဲ့ နာမ်စားကြောင့်ရှောင်းကျန့်မျက်နှာလေးပျက်သွားတာရိပေါ်သတိထားမိတယ်။
"ဒီမင်္ဂလာပွဲက ဘိုးဘိုးစီစဉ်တာလေ။ ဘိုးဘိုးကိုတစ်အိမ်လုံးကကြောက်ရတယ်။အာခံရဲတဲ့လူတစ်ယောက်မှ မရှိဘူး။"
"မိန်းမ"
အဲ့ဒီအချိန်မှာပဲ ဝမ်ပါးက အပြင်ကနေဝင်လာတယ်။သူဖုန်းထွက်ပြောတာ။
"ကိုယ်တို့မနက်ဖြန်ညနေပဲပြန်ရမယ်။အလုပ်ကိစ္စပေါ်လို့"
"မားတို့ဂရုစိုက်ပြန်ပါ။ကျွန်တော့်ကိုစိတ်ချ"