Part-12

3.1K 222 9
                                    

ရေပန်းအောက်မှာရေတွေဖွင့်ချပြီးရှောင်းကျန့်အတော်လေးငိုချင်သွားတယ်။ ရာသီဥတုကပူပြီး စိတ်ထဲမှာလည်းပူလောင်နေတာမို့ အချိန်မတော်ကြီး ရေတွေခေါင်းပေါ်ကလောင်းချရင်းအော်ဟစ်ပစ်လိုက်တယ်။

"အား.....ငါရူးသွားတာလား။ငါဘာလို့အဲ့လိုလုပ်ရပ်မျိုးလုပ်မိတာလဲ။သေချင်တယ်။"

ရိပေါ်ကို video call နဲ့မဖွယ်မရာတွေလုပ်ပြခဲ့တာကိုသူနောင်တရနေတယ်။ ရိပေါ်ပြောသလိုပဲ သူကရိုးသားတဲ့ကြွက်လေးလေ။

ရှောင်းကျန့်ခေါင်းကိုမော့ပြီး ခြေထောက်ကိုဆောင့်လိုက်တယ်။

"အ့"

ဆပ်ပြာရေတွေကြောင့်ဟန်ချက်မထိန်းနိုင်ပဲသူချော်ကျသွားတော့တယ်။

"အ့ ငါ့ ငါ့ခြေထောက်"

_____
ဝမ်ရိပေါ်သူ့အကြံနဲ့သူအိမ်ပြန်ရောက်လာတယ်။ ညဉ့်နက်နေပြီဖြစ်လို့ရှောင်းကျန့်အိက်နေမယ်။အဲ့အချိန်သူ့အပေါ်ကနေဖိပြီးလန့်သွားအောင်လုပ်မယ်။ သူ့အတွေးတွေကအခန်းထဲရောက်တော့ လွင့်ပြယ်ကုန်တယ်။ရေချိုးခန်းထဲက ရေကျသံနဲ့အတူ အော်သံကိုပါကြားလိုက်ရတယ်။

"Baby"

ရိပေါ်ဝင်လာတော့ရှောင်းကျန့်ကအဝတ်စားကင်းမဲ့နေတယ်။ခြေထောက်ကိုကိုင်ပြီးတော့လည်းအော်နေသေးတယ်။သူ့ကိုမြင်တော့ အံ့ဩသလိုဖြစ်သွားပေမယ့် သူ့ခြေထောက်အတော်နာပုံရတယ်။

"ငါ့ခြေထောက်ကျိုးပြီးလားမသိဘူး ဟင့်။"

ရိပေါ်က သူ့ကိုပွေ့ချီကာ အိပ်ယာပေါ်တင်လိုက်တယ်။ပြီးတော့သူ့ရဲ့ခြေထောက်ကိုကိုင်ကြည့်တယ်။

"အား...နာတယ်"

"ခြေခေါက်သွားတာပါ....."

ရှောင်းကျန့်နာတာပဲ သိတယ်မျက်ရည်တွေကျနေတယ်။ အဲ့တာနဲ့ရိပေါ်ကသူ့ခြေကျင်းဝတ်လေးကိုဖွဖွပွတ်ရင်းဆေးလိမ်းကာ

"ငြိမ်ငြိမ်လေးနေ....ဒါနဲ့လေ..မင်းရဲ့ video ကိုမြင်ပြီး ပြန်မလာပဲမနေနိုင်တော့ဘူး။"

"ကို!..."

ရှောင်းကျန့် ချက်ချင်းမျက်နှာရဲသွားတယ်။သူ့စိတ်ကခြေထောက်နာတဲ့ဆီမရှိတော့ဘူး။

My First Love (or) My Ex (Completed)Where stories live. Discover now