မနက်အိပ်ယာနိုးနိုးချင်း မနေ့ကအဖြစ်ကိုတွေးပြီးရိပေါ်ပြုံးမိလိုက်တယ်။ ရှောင်းကျန့်ကိုအဲ့လိုလုပ်မိတာသူ့ကိုယ်သူတောင်မယုံနိုင်ဘူး။ ဘာဖြစ်ဖြစ်အမြဲတဇွတ်ထိုးလုပ်တတ်တယ်ဆိုတာမှန်ပေမယ့် ဒီလိုနေရာမှာလည်းတဇွတိထိုးဆန်လိမ့်မယ်ဆိုတာ ကိုယ့်ကိုကိုယ်မသိခဲ့ဘူး။ ရိပေါ်အိပ်ယာကထပြီး မျက်နှာသစ်သွားတိုက်လုပ်တယ်။ ပြီးတော့မနက်ခင်းထမင်းဝိုင်းမှာထိုင်လိုက်တယ်။
"Hello ပါး..အိပ်လို့ကောင်းရဲ့လား"
"အင်း...သားရော.."
ဝမ်ပါးက သတင်းစာဖတ်ရင် နဲ့ပြန်မေးတယ်။
"ဟုတ်ပါး"
"ဝမ်လေး...."
ဝမ်မားရဲ့ အသံစူးစူးက ရိပေါ်ရောဝမ်ပါးပါ လန့်သွားတယ်။
"မိန်းမ ဘာဖြစ်ပြန်ပြီလဲ"
ဝမ်မားကခြင်းသေးသေးလေးတစ်ခုကိုကိုင်ထားတယ်။အဲ့တာရိပေါ်အခန်းထဲကအမှိုက်ခြင်း။ ရိပေါ်ခေါင်းကိုနဗြင်းဗြင်းကုတ်ရင်း..
"မား ကျွန်တော့်အခန်းထဲအဲ့လို စွတ်မဝင်ပါနဲ့ ကျွန်တော်ကလေးမဟုတ်တော့ဘူး။"
"ကလေးမဟုတ်လို့လိုက်ကြည့်နေတာပေါ့။မင်းချစ်သူရနေပြီလား"
"မားအဲ့တာယောက်ျားလေးသဘာဝပဲ"
သားအမိနှစ်ယောက်ကို ကြည့်ရင်းဝမ်ပါးခေါင်းကိုဖိထားကာ
"တော်ပြီ တော်ပြီ။ မိန်းမ သားကိုအဲ့လောက်ထိ မတင်းကျပ်ပါနဲ့လား။"
"တော်ရုံဆိုမပြောဘူး။ အခုတစ်ရှူးတွေကခြင်းအပြည့်ပဲ။အဲ့တာကထူးဆန်းတာမဟုတ်လား။"
ရိပေါ်ထိုင်နေရာကထလိုက်တယ်။သူလူပျိုကိစ္စတွေအထိပါ ဝင်ပါနေတဲ့အမေဖြစ်သူနဲ့မျက်နှာချင်းလည်းမဆိုင်ချင်ဘူး။
"ဝမ်ရိပေါ်...နင်ရည်းစားထားရဲထားကြည့်"
သူ့ကိုကြိမ်းဝါးရင်း ကျန်ခဲ့တဲ့သူ့အမေရဲ့အသံကို တော်တော်ဝေးတဲ့အထိကြားနေရတယ်။ အဲ့တာရှောင်းကျန့်တရားခံပဲ။သူနဲ့ချိန်းတွေ့ပြီး အဲ့လိုဖြစ်တာပဲ။ဘယ်နှကြိမ်မှန်းတောင်မသိဘူး။လူကအားပါပျက်ချင်နေတယ်။