Part-1

4.5K 264 5
                                    

ရှောင်းကျန့်ဆီမှာယမ်ယမ်ဆိုတဲ့ သူငယ်ချင်းပဲရှိတယ်။ သူတို့နှစ်ယောက်က ကျောင်းမတတ်ခင် ကျောင်းဝန်းထဲကအပင်ကြီးအောက်ကခုံလေးမှာထိုင်နေလေ့ရှိတယ်။

"ကျန့်ကျန့် ဟိုမှာပေါ်ပေါ်လာနေပြီ။"

ရှောင်းကျန့် ချက်ချင်းပဲထပြီး သစ်ပင်အကွယ်ကိုဝင်သွားတယ်။ ပြီးတော့သစ်ပင်နောက်ကနေ ရိပေါ်ရဲ့ကျောပြင်ပျောက်ကွယ်သွားတယ့်အထိငေးကြည့်တယ်။ ပြီးတော့ကိုယ့်အဖြစ်ကို ကိုယ်တွေးပြီးခေါင်းလေးခါကာ ပြုံးလိုက်တယ်။

"မင်းကလဲကွာ သဘောကျနေတာဆို သူသတိထားမိအောင်နေရမှာ မဟုတ်လား။အခုက သူ့ကိုတွေ့တာနဲ့ ပုန်းနေတယ်ဆိုတော့မဟုတ်သေးပါဘူး။တစ်ခြားလူဦးသွားလိမ့်မယ်။"

"သူပျော်ရင်ကျေနပ်ပါတယ်။"

"ဘာ.."

"ငါက သူ့ကိုချစ်နေရရုံနဲ့ကျေနပ်ပြီ။ထပ်ပြီး မမျှော်လင့်ရဲပါဘူး။ သူကသိတဲ့အတိုင်းအရမ်းချောတယ်လေ။တစ်‌ကျောင်းလုံးရဲ့ Kingပဲ။ ပြီးတော့ငါကယောက်ျားလေး။ရုပ်လဲမချောဘူး။"

"ကြိုးစားကြည့်ပေါ့"

"ဟင့်အင်း သူရွံသွားမှာကြောက်တယ်။"

ယမ်ယမ်ကရှောင်းကျန့်ကိုအားမရဘူး။သူတို့နှစ်ယောက်က လုံးဝဆန့်ကျင်ဖက်ပဲ။ ယမ်ယမ်ကစိတ်မြန်လက်မြန် ခပ်ဆိုးဆိုးလေးဖြစ်ပြီး။ရှောင်းကျန့်ကအရမ်းနူးညံ့တယ်။

"ဒါနဲ့မင်းရုပ်ဆိုးတယ်ဆိုတာကိုငါလက်မခံဘူး။ ငါသာယောက်ျားလေးဆိုရင် မင်းကိုတွဲမှာ။"

"အခုရောမင်းကယောက်ျားမဟုတ်ဘူးလား"

"ယောက်ျား မစစ်ဖူးလေဟီး။"

"ဟွန်း! လာနှစ်သိမ့်မနေနဲ့။"

"ငါလေ အတန်းခေါင်းဆောင်နဲ့ ချစ်သူတွေဖြစ်သွားပြီ။"

"ဟင်!"

ယမ်ယမ်အပြောကြောင့် ရှောင်းကျန့်မျက်မှန်ကိုင်းလေးကိုပင့်တင်ရင်း..

"ဘယ် ဘယ်လိုဖြစ်သွားတာလဲ"

"ငါကမင်းကို ငကြောင်မဟုတ်ဘူး။ ပြီးတော့အဲ့မျက်မှန်ကြီးတပ်မထားစမ်းပါနဲ့။မျက်စိကန်းတာလဲမဟုတ်ပဲနဲ့"

My First Love (or) My Ex (Completed)Where stories live. Discover now