Part-14

2.9K 216 7
                                    

ခေါင်းမှာပတ်တီးအဖွေးသားနဲ့လှဲနေရတဲ့ရိပေါ်အနားမှာ မိသားစုတွေစုံနေတယ်။ ဝမ်မားကဆောက်တည်ရာမရ အော်ဟစ်ငိုယိုနေတော့ရှောင်းကျန့်က ငြိမ်ငြိမ်လေးပဲသူ့ယောက်ျားကိုကြည့်နေတယ်။ အပြင်ပန်းကငြိမ်သက်နေပေမယ့် ရင်ထဲမှာတော့ ဗလောင်ဆူပြီး အဆက်မပြတ်ငိုကြွေးနေတယ်။ ရိပေါ် သတိလစ်နေတာ ၃ ရက်ရှိပြီ။

အဲ့ဒီအချိန်မှာပဲ ရိပေါ်နိုးလာကြောင်းအချက်ပြလာတယ်။ ရိပေါ်ကမျက်လုံးလေးတွေပွင့်လာပြီးပတ်ဝန်းကျင်ကိုဝေ့ကြည့်တယ်။

"သား...မားရဲ့သား...နိုးလာပြီလား။"

သူ့အမေကတော့ထိပ်ဆုံးကသည်းသည်းလှုပ်ဖြစ်နေတာမို့ရှောင်းကျန့်ဒီအတိုင်းလေးပဲကြည့်နေတယ်။

"သား....မားကိုကြည့်ပါဦး။"

"ဘယ်သူလဲ..?"

ရိပေါ်အပြောကြောင့်အကုန်ထိန့်လန့်သွားတယ်။ ဆရာဝန်ကရိပေါ်အနားကို ကပ်လိုက်တယ်။

"သူတို့ကိုရောသိလား။"

ရိပေါ်အခန်းထဲကရှိသမျှလူအားလုံးကိုကြည့်ပြီးခေါင်းခါတယ်။ ဆရာဝန်ကပြောတယ်

"ထိခိုက်တာပြင်းထန်လို့ မှတ်ဉာဏ်ခနပျောက်သွားတာပါ။ တစ်ဖြည်းဖြည်းမှတ်မိလာပါလိမ့်မယ့်။ သူပြန်မှတ်မိဖို့က အိမ်ကိုခေါ်သွားတာအကောင်းဆုံးပါပဲ။"

"ကျွန်မသားလေးကို ကျွန်မခေါ်သွားပါ့မယ်"

အဲ့ဒီအချိန် ဘာမှ ဝင်မပြောတဲ့ရှောင်းကျန့်အသံထွက်လာတယ်။

"အပြင်မှာစကားပြောရအောင်။"

လူရှင်းတဲ့တစ်နေရာမှာရှောင်းကျန့်တို့နှစ်ဖက်မိသားစုအကုန်လုံး စုနေကြတယ်။ရှောင်းကျန့်ကအရင်လို ကုတ်နေတဲ့ကြွက်လေးမဟုတ်တော့ပဲ သူ့ယောက်ျားအတွက်ရဲရင့်နေတယ်။ ဝမ်မားကသာ သူတို့ကိုကွာရှင်းစေချင်ပေမယ့် ရှောင်းကျန့်တို့ဖက်က မကွဲစေချင်ကြဘူး။

"သားကိုပြန်ခေါ်သွားမယ်။မကြာခင်လည်းကွာရှင်းတော့မှာဆိုတော့...."

"အဲ့ဒီကိစ္စကွာရှင်းပြီးမှပြောရအောင် အခုကျွန်တော်တို့မကွာရှင်းရသေးဘူး။"

My First Love (or) My Ex (Completed)Where stories live. Discover now