ဝမ်မားနဲ့ပါး၊ ဂျက်ဆီကာရောက်လာတော့ အိမ်ထဲဝင်ဝင်ချင်းနှစ်ယောက်လုံးမျက်နှာပျက်သွားတယ်။ ဆိုဖာခုံရှည်ပေါ်မှာရိပေါ်ကထိုင်နေပြီး ရှောင်းကျန့်ကသူ့ပေါင်ကိုခေါင်းအုံးရင်းခွေခွေလေးအိပ်နေတယ်။ ရိပေါ်ကသူ့ဆံပင်လေးတွေတယုတယသပ်တင်ပေးနေတယ်။ရှောင်းကျန့်ကအိပ်ပျော်နေတာမဟုတ်ပဲ ဒီအတိုင်းငြိမ်လေးနေနေတယ်။ ဝမ်မားဝင်လာတော့ ရှောင်းကျန့် မတ်မတ်လေးထိုင်လိုက်ပြီး။
"မင်္ဂလာပါ မား..."
"အင်း...ဒါနဲ့ ဘယ်လိုဖြစ်တာလဲ."
"ကိုယ်ဝန်မဟုတ်ဘူး။ အစာအိမ်ယောင်တာ။"
အဲ့ဒီအခါ ဝမ်မားမျက်နှာပြုံးရွှင်သွားတယ်။
"ဒါပေါ့။ နားနားနေနေ လေးနေနော်။မားတို့က hotel မှာပဲတည်းမှာလေ။ ပေါ့ပေါ့ပါးပါးသာ အနားယူပါ။"
ရှောင်းကျန့် ကနေဒါသူလေးကိုမသိမသာလှမ်းကြည့်တယ်။သူရိပေါ်ကိုကြည့်တဲ့အကြည့်တွေက ထူခြားတယ်။ပုံမှန်မဟုတ်ဘူး။ သူကလေးမမွေးနိုင်လို့ရိပေါ်နဲ့ဝေးရမှာလားတွေးရင်းပူလောင်လာတယ်။
"မား ကျွန်တော်တို့နောက်မှ စကားပြောကြတာပေါ့။အချိန်ရတယ်မဟုတ်လား။ကျွန်တော်အလုပ်ကိစ္စအပြင်ခဏသွားစရာရှိလို့။"
"အင်း ပါ။သားမရှိတုန်း ရှောင်းကျန့်ကိုမားတို့စောင့်ရှောက်လိုက်မယ်။"
"ဟုတ်ကဲ့။"
_________နန်းတော်တမျှကြီးကျယ်လွန်းတဲ့ အိမ်ကြီးကြောင့်ဂျက်ဆီကာ ပါးစပ်အဟောင်းသားလေးဖြစ်နေတယ်။ဒီအိမ်ကခုနကရှောင်းကျန့်တို့အိမ်ထက်ခမ်းနားတယ်။ ဝမ်မားကပြောတယ်။
"သူတို့ကွာရှင်းရင် အခုနေနေတဲ့သူတို့အိမ်ကို တို့ဝမ်အိမ်ကိုပေးရမှာလေ။"
"ဒါနဲ့လေ။ ရှောင်းကျန့်အတွက် မတရားသလိုဖြစ်မနေဘူးလား။"
"ကွာရှင်းရင် သူလည်းပျော်မှာပါ။အစတည်းကတစ်ယောက်ကိုတစ်ယောက် ချစ်ကြတာမှမဟုတ်ပဲ။ပြီးတော့ယောက်ျားလေးနှစ်ယောက်အဓိပ္ပါယ်ရှိလို့လား။စိတ်မနှံ့တဲ့အဘိုးကြီးကသူတို့ကိုကြိုးကိုင်နေတာ"