2

1.3K 149 8
                                    

အိပ်ယာထက်မှာ လဲလျောင်းရင်း ဝတ္ထုထဲက အကြောင်းအရာတွေကို ဟန်ဘင်းတစ်ယောက် ပြန်စဉ်းစားနေမိသည်။

အခုက မက်သျူးဘေးမှာ ကင်ဂျီအွန်း‌တောင် မရောက်သေးဘူးဆိုတော့ ကြာပန်းဖြူလည်း ပေါ်လာဦးမှာ မဟုတ်ပေ။ ကြာပန်းဖြူရဲ့ ရန်က ကာကွယ်ဖို့ဆိုရင် ကင်ဂျီအွန်းနဲ့ မက်သျူး မပတ်သက်ရင် ရပြီ။ ဒါဆို သူလုပ်ရမှာက ကင်ဂျီအွန်းနဲ့ မက်သျူး မဆုံဖြစ်အောင် လုပ်ရမည်။

သို့သော် ကင်ဂျီအွန်းမှာ မည်သည့်ပုံစံရှိသည်ကို မသိ။ စာရေးဆရာအစုတ်ပလုတ်က ဇာတ်ကောင်တွေရဲ့ ပုံစံကို ရေးပြမထား။ ဒီတော့ သူက ဘယ်လိုလိုက်ရှာရမလဲ။ ဇာတ်ကြောင်းအရဆိုလျှင် မက်သျူးနဲ့ ကင်ဂျီအွန်း စတွေ့မည့် နေရာမှာ ကျောင်းကော်ရေဒါပင်။ ဝတ္ထုထဲမှာ ကင်ဂျီအွန်းက မက်သျူးကို အရင်ထဲက တွေ့ဖူးပြီး ကြိတ်သဘောကျနေသည်။ ထို့ကြောင့် ကော်ရေဒါမှာ ဝင်တိုက်မိအောင် တမင်ဖန်တီးခဲ့တာ ဖြစ်၏။

ဒီတော့ ဟန်ဘင်း လုပ်ရမည်မှာ မက်သျူးအနား တပူးပူး တတွဲတွဲ နေရမည်။ ဒါမှသာ အကြံအဖန်သမား ကင်ဂျီအွန်း လှုပ်ရှားခွင့် မရမှာ။ သူ့အတွေးသူ သဘောကျကာ ဟန်ဘင်းတစ်ယောက် ခေါင်းတညိတ်ညိတ်နှင့်။

*****

တီ..တီ..တီ..

နှိုးစက်သံကြောင့် ဟန်ဘင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ နိုးလာရသည်။ ဖုန်းက နာရီကို ကြည့်လိုက်တော့ 6နာရီခွဲနေပြီ။ 8နာရီမှာ စမယ့် အတန်းချိန်အတွက် ပြင်ဆင်ရတော့မည်။ ဟန်ဘင်းလည်း အိပ်ယာမှ ထကာ ရေချိုးရတော့သည်။

အားလုံး ပြင်ဆင်ပြီး ထွက်လာတော့ ဘတ်စ်ကားမှတ်တိုင်အရောက်တွင် 7နာရီထိုးပြီ။ ငါးမိနစ် အကြာတွင် စီးရမည့် ဘတ်စ်ကား ရောက်လာသည်။

ကျောင်းချိန်၊ အလုပ်ချိန်ဖြစ်၍ ဘတ်စ်ကားတွင် လူပြည့်နေသည်။ ဟန်ဘင်းလည်း လူအုပ်ထဲ အနည်းငယ်တိုးရင်း အလယ်နားလောက်တွင် ရပ်နေလိုက်သည်။ ဆယ့်ငါးမိနစ်လောက်ကြာတော့ ကျောင်းကို ရောက်လာသည်။

ကျောင်းရှေ့တွင် မက်သျူးနဲ့ တွေ့လေသည်။

" မက်သျူး... ဒီနေ့ မင်း နောက်ကျနေတာလား.."

Falling in love with white lotus { Completed }Where stories live. Discover now