" မက်သျူးကို မမုန်းပါနဲ့..."
ဟန်ဘင်းပြောတဲ့ စကားကို ဟာအိုမှာ နားလည်ပုံမရ။ ကြောင်တောင်တောင်လေးနဲ့ ဟန်ဘင်းကို ပြန်ကြည့်နေလေသည်။
" မက်သျူးကို ဘာလို့ မုန်းရမှာလဲ..."
" ဒီအတိုင်းလေးပဲ မှတ်ထားပေး... မက်သျူးကို မုန်းလည်း မမုန်းပါနဲ့...ပြီးတော့ ဘယ်လိုအကြောင်းကြောင်းနဲ့မှ နာကျင်အောင် မလုပ်ပါနဲ့..."
ဟန်ဘင်းပြောနေသော စကားတွေအား ဟာအိုတစ်ယောက် ဘယ်လိုမှ နားမလည်တော့။
" မုန်းလည်း မမုန်းဘူး...နာကျင်အောင်လည်း မလုပ်ဘူးဆိုရင်...ငါတို့ ပြန်ပြေလည်ပြီလားဟင်...ငါ့အပေါ် စိတ်မခုတော့ဘူးမလား..."
ဟန်ဘင်း ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။ ထိုအခါ ဟာအိုမှာ မျက်လုံးလေးတွေ မှိတ်သည်အထိ ပြုံးလာရင်း
" တော်သေးတာပေါ့... "
အရှေ့က လူကို ကြည့်ရင်း ဟန်ဘင်း စိတ်ထဲမှာ ထိုပေါက်စအား အိတ်ကပ်ထဲသာ ကောက်ထည့်ထားလိုက်ချင်တော့သည်။ အခုလုပ်နေသမျှ အပြုအမူ အပြောအဆိုတွေ အကုန်လုံး ဟန်ဆောင်တာမဟုတ်ဘဲ စိတ်ရင်းအမှန်ဖြစ်ပါစေလို့ ဟန်ဘင်း ဆုတောင်းမိသည်။
ဟာအိုမှာ ဂျီအွန်းရဲ့ ကားနဲ့ ပြန်လိုက်မှာမလို့ ဟန်ဘင်းအား နှုတ်ဆက်ကာ ထွက်သွားလေသည်။
* နောင်လည်း အခုလို ကျွန်တော့ကိုပဲ စိတ်ဝင်စားပေးပါ...ဟျောင်း...ကျွန်တော်က ဟျောင်းကို ကြာပန်းဖြူအဖြစ်မခံနိုင်ဘူး *
အတွေးနယ်ချဲ့နေသော ဟန်ဘင်းအား မက်သျူးက သူ့ပုခုံးစွန်းနဲ့ တိုက်ရင်း
" အဆင်ပြေသွားပြီလား..."
" လောလောဆယ်ပေါ့..."
ဟန်ဘင်းရဲ့ အဖြေအား မက်သျူးက မကျေနပ်သလို နှာခေါင်းရှုံ့ကာ
" ဘယ်လိုကြီးလဲ... ပြေလည်တာလား... မပြေလည်တာလား..."
ဟန်ဘင်းက မက်သျူးရဲ့ ခေါင်းအား အသာပုတ်ရင်း
" သူ့ဘက်က အဆိုးတွေမလုပ်လာရင်ပေါ့..."
သူ့ခေါင်းကို ပုတ်နေတဲ့ ဟန်ဘင်းရဲ့လက်အား ရိုက်ချလိုက်ရင်း မက်သျူးက ပြန်ပြောလာသည်။