" ငါတို့က ဘယ်လိုဆက်ဆံရေးမျိုးမို့လို့လဲ..."
ဟာအိုက ဟန်ဘင်းအား မရဲတရဲ ကြည့်ကာ မေးလာသည်။ ဟန်ဘင်းက ပြန်မဖြေသေးဘဲ ဟာအိုကိုသာ စိုက်ကြည့်နေမိသည်။ နောက်ဆုံးတော့ ဟန်ဘင်းရဲ့ စူးစူးရှရှ အကြည့်တွေကို မခံနိုင်တော့တဲ့ ဟာအိုမှာ တစ်ဖက်သို့ မျက်နှာလွှဲသွားတော့သည်။ ဟန်ဘင်း ပြုံးလိုက်ပြီး ဟာအို့အနား တိုးကပ်သွားရင်း
" ဟျောင်းက ဘယ်လို ဆက်ဆံရေးမျိုး ဖြစ်စေချင်လဲ...ဟျောင်း ဖြစ်စေချင်တဲ့ ဆက်ဆံရေးမျိုး ဖြစ်ကြမယ်လေ..."
ဟန်ဘင်းရဲ့ စကားကို ကြားပြီးတဲ့နောက် ဟာအို့မျက်နှာ ပေါက်ထွက်မတတ် နီရဲလာတော့သည်။
" သူငယ်ချင်း??? "
" သူငယ်ချင်းထက်တော့ ပိုလိုက်ပါဗျာ...ဖရန့်ဇုန်ထဲ ရောက်သွားရင် ပြန်ထွက်ရခက်တယ်...ဟျောင်းရဲ့..."
ဟာအို့ရဲ့ ပုခုံးစွန်းလေးကို အသာတိုက်ရင်း ဟန်ဘင်း ပြောလိုက်သည်။ အစတည်းက ရှက်နေသော ဟာအို့မှာ လည်ပင်းတွေပါ ရဲတက်လာလေသည်။
" မသိ...မသိတော့ဘူး...ငါ..ငါ အတန်းသွားတက်တော့မယ်..."
ကျောပိုးအိတ်ရဲ့ ကြိုးစနှစ်ဖက်ကို ခပ်တင်းတင်း ဆွဲကိုင်လျက် ဟာအိုတစ်ယောက် ရှောင်ပြေးသွားတော့သည်။ အရှက်သည်းနေတော့ ဘေးပတ်ဝန်းကျင်ကိုတောင် သတိမထားမိတော့။ သူ့ဘာသာသူ ရပ်နေတဲ့ ဂျီအွန်းကိုလည်း ဝင်တိုက်ပြီး ဆောရီးပြောကာ ထွက်သွားသည်။ မက်သျူးက ဟာအိုဟျောင်းလို့ ခေါ်နေတာလဲ မကြားပေ။
အဖြစ်အပျက်တွေအားလုံးကို ဟန်ဘင်းမှာ ပြုံးဖြီးဖြီးနဲ့ ကြည့်နေမိသည်။ ဂျီအွန်းနဲ့ မက်သျူးတို့ရဲ့ အကြည့်တွေ ဒိုင်းခနဲ သူ့ထံ ရောက်လာချိန်မှ ဟန်ဘင်း မျက်နှာပိုးသတ်လိုက်ရတော့သည်။
" ဆောင်းဟန်ဘင်း... မင်း... ဟာအိုဟျောင်းကို ဘာလုပ်လိုက်တာလဲ..."
" ဘာမှ မလုပ်ပါဘူးကွာ...ဟဲဟဲ..."
" အဲဒီ ဟဲဟဲကြီးကိုက မသင်္ကာစရာကောင်းနေတာ...နော်...ဟျောင်း..."
နှုတ်ခမ်းတထော်ထော်နဲ့ ပြောနေသော မက်သျူးအား ဂျီအွန်းက မြတ်နိုးစွာ ကြည့်နေမိသည်။ ဟန်ဘင်းကတော့ ပြုံးရင်း အတန်းထဲ ဝင်သွားသည်။