" ဟာအိုဟျောင်းကို ဘာလို့ အဲလို ပြောခဲ့ရတာလဲ... ဟျောင်း သနားပါတယ်..."
" မင်း မသိပါဘူး... ဒါက အစပဲ ရှိသေးတာ... နောက်ထပ် ဆိုးတာတွေ သူလုပ်ဦးမှာ..."
မက်သျူး ဘယ်လိုမှ နားမလည်တော့ပေ။
" ဟာအိုဟျောင်းက မင်းချစ်တဲ့သူ မဟုတ်ဘူးလား..."
ဒေါသထွက်နေခဲ့သော ဟန်ဘင်းမှာ မက်သျူးရဲ့ စကားတစ်ခွန်းကြောင့် ငြိမ်ကျသွားတော့သည်။
" ဟန်ဘင်း... ခုနက ငါ ပြုတ်ကျတာက မတော်တဆဆိုတာ ငါ ယုံတယ်.... ဘာလို့လဲဆိုတော့ ဟာအိုဟျောင်းသာ တမင်တွန်းချတယ်ဆိုရင် ငါ ဒီလောက်လေးပဲ ဒဏ်ရာရမှာမဟုတ်ဘူး...မတော်တဆမလို့ ပွန်းပဲ့ရုံလေး ဒဏ်ရာရတာပေါ့... "
ဟန်ဘင်း ဘာမှ ပြန်မပြောဘဲ ငြိမ်နေမိသည်။ မက်သျူးလည်း ဟန်ဘင်းရဲ့ လက်ကို လှမ်းကိုင်လိုက်ရင်း
" မင်း ငါ့ကို စိတ်ပူသွားတာကို ငါနားလည်ပါတယ်... ဒါပေမယ့် ခုနက ဟာအိုဟျောင်းကို မင်းပြောလိုက်တာ အရမ်းလွန်တယ်..."
ဟန်ဘင်း ခေါင်းခါလိုက်ကာ
" ငါ ပြောရဲတယ်...မက်သျူး... သူ ဒီ့ထက်ဆိုးတာတွေ လုပ်လာဦးမှာ.... "
" မင်းက ဘာကြောင့် ပြောနိုင်ရတာလဲ... "
" မက်သျူး!!"
ကန်တင်းထဲကို အမောတကော ဝင်လာတဲ့ ဂျီအွန်းကြောင့် ဟန်ဘင်းနဲ့ မက်သျူး စကားစ ပြတ်သွားရသည်။ ဂျီအွန်းမှာ မက်သျူးနား ချက်ချင်း ရောက်လာပြီး
" လှေကားပေါ်က ပြုတ်ကျလို့ဆို... "
ဂျီအွန်းတစ်ယောက် မက်သျူးကို ဟိုကြည့်ဒီကြည့်ဖြင့် စစ်ဆေးတော့သည်။ စိတ်ပူနေသော ဂျီအွန်းအား မက်သျူး ပြုံးပြရင်း
" ဟျောင်း.... ကျွန်တော် ဘာမှ မဖြစ်ပါဘူး... နည်းနည်းပဲ ပွန်းသွားရုံပါ... "
" သေချာလို့လား..."
" သေချာပါတယ်...ဟျောင်းရဲ့.... "
" အဲဒါဆို ဟာအိုက ဘာလို့ တအား ငိုနေရတာလဲ.... "
ဂျီအွန်းရဲ့ စကားအဆုံး၌ မက်သျူးရဲ့ အကြည့်တို့က ဟန်ဘင်းဆီ ရောက်သွားလေသည်။ မက်သျူးရဲ့ အကြည့် လားရာအတိုင်း ဂျီအွန်းကြည့်မိတော့ မျက်နှာမကောင်းတဲ့ ဟန်ဘင်းကို တွေ့လိုက်ရသည်။