22 ( Final )

1.4K 116 7
                                    

📩📩📩

ဖုန်းထဲ မက်ဆေ့ခ်ျဝင်သံကြောင့် ဟန်ဘင်း ဖုန်းကို ကောက်ပြီး ကြည့်လိုက်သည်။

🦝 - [ ဟန်ဘင်း ဒီနေ့ နေ့လည် ကျောင်းအုပ်က ဆရာ၊ ဆရာမတွေကို စားသောက်ဆိုင်မှာ လိုက်ကျွေးမှာမလို့ လာမကြိုနဲ့တော့နော် ချစ်တယ်❣️ ]

စာကို ဖတ်ပြီးနောက် ဟန်ဘင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီနေ့ ဟာအိုရဲ့ မွေးနေ့မလို့ ဟာအို့နဲ့ ဒိတ်ဖို့ စီစဉ်ထားပါတယ်ဆို အကုန် သဲထဲရေသွန် ဖြစ်ရပြီ။ ဟာအို့ကိုလည်း အပြစ်ပြောလို့မရ။ ဟန်ဘင်းတစ်ယောက်ထဲ ခိုးကြောင်ခိုးဝှက် လုပ်နေခဲ့တာမလို့ ဟာအိုက သိမည်မဟုတ်။ ဟန်ဘင်း စိတ်ညစ်ညစ်နဲ့ ခေါင်းသာ တဗျင်းဗျင်း ကုတ်နေမိတော့သည်။

🐹 - [ ဘယ်အချိန် ပြန်လာမှာလဲ ဟျောင်း ]

ဟန်ဘင်း စာပြန်ပြီး ဘယ်လောက်မှပင် မကြာလိုက်။ ဟာအို့ဆီကနေ စာပြန်ရောက်လာသည်။

🦝 - [ ငါ့မွေးနေ့ဆိုတာ သိသွားကြလို့ ငါ သူတို့ကို ကာရာအိုကေခန်း လိုက်ပို့ပေးရဦးမှာ😔 ‌တအားတော့ နောက်မကျစေရပါဘူး🥺 ]

🐹 - [ အင်း ]

ခပ်ပြတ်ပြတ်ပဲ စာပြန်လိုက်ပြီး ဟန်ဘင်း ဖုန်းကို အိပ်ရာပေါ် ပစ်တင်လိုက်သည်။ ထို့နောက် ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားတဲ့ ဘူးကို ထုတ်လိုက်သည်။ ဘူးကို ဖွင့်ပြီး အထဲက ဆင်တူလက်စွပ်နှစ်ကွင်းကို ကြည့်ရင်း ဟန်ဘင်း သက်ပြင်းသဲ့သဲ့ ချမိတော့သည်။ ဟာအို့မွေးနေ့မှာ နှစ်ယောက်အတူ ဒိတ်ပြီး လက်ထပ်ခွင့်တောင်းပါမယ်ဆိုမှ အစီအစဉ်တွေ အကုန်ပျက်ရပြီ။

တီ..တီ..တီ... ။

ဖုန်းသံမြည်လာလို့ ဟန်ဘင်း လှမ်းကြည့်လိုက်တော့ ဟာအိုဖုန်းခေါ်တာ ဖြစ်နေသည်။ အစီအစဉ်တွေပျက်ကုန်တော့ လူက ဘူနေတာမလို့ ဟန်ဘင်း မကိုင်သေးဘဲ ကြည့်နေမိသည်။ ဒီလိုနဲ့ ကိုင်သူမရှိတာကြောင့် ဖုန်းကကျသွားတော့သည်။ ဟန်ဘင်း ကိုယ့်ခေါင်းကို ကိုယ် ပြန်ထုလိုက်ပြီး

" ကျစ်... ဟာအိုက တမင်လုပ်တာမှ မဟုတ်တာကိုကွာ... "

ထို့နောက် အိပ်ရာပေါ်က ဖုန်းကို လှမ်းယူလိုက်ပြီး ဟာအို့ဆီ ပြန်ခေါ်ဖို့ လုပ်လေသည်။ ထိုအချိန်မှာပဲ ဟာအို့ဆီကနေ ဖုန်းကောလ် ထပ်ဝင်လာသည်။ ဟန်ဘင်းလည်း ကိုင်လိုက်ကာ

Falling in love with white lotus { Completed }Where stories live. Discover now