ကားပေါ် ရောက်ကတည်းက သိသိသာသာ ငြိမ်နေသော ဟာအို့ကို ဟန်ဘင်း ခိုး, ခိုးကြည့်ရင်း
" ဟျောင်း... ကျွန်တော်ကလေ မက်သျူးကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပါဘူး.... "
ဟာအိုက ဟန်ဘင်းကို လှည့်တောင်မကြည့်ဘဲ
" ငါနဲ့ ဘာဆိုင်လို့လဲ... "
" ကျွန်တော်က ဟျောင်းကို လိုက်ပိုးနေပြီလေ... အဲ့တော့ အထင်လွဲနေတာတွေကို အရင်ဖြေရှင်းရမှာပေါ့...."
ဟာအိုက ဘာမှ ပြန်မပြောလာ။
" ကျွန်တော်က ဟျောင်းကို ကော်ရေဒါမှာ စတွေ့ကတည်းက ကြိုက်တာ... "
ဒီတစ်ခါတော့ ဟာအိုက ဟန်ဘင်းကို လှည့်ကြည့်လာသည်။
" အထက်တန်းကတည်းကပေါ့... "
" အွန်း..."
ဟန်ဘင်းက ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။
" ဒါပေမယ့် ဟန်ဘင်း ငါ့ကို ကြိုက်တယ်ဆိုတာ ငါ ဘာလို့ မခံစားမိခဲ့ပါလိမ့်... အထက်တန်းတုန်းက ဟန်ဘင်းနဲ့ ပတ်သက်သမျှက ငါ့အတွက် ဒဏ်ရာတွေပဲ ရှိမယ်ထင်တယ်.... "
ဟာအိုရဲ့ စကားအဆုံး၌ ဟန်ဘင်းက ဟာအို့ကို ဆွေးဆွေးမြည့်မြည့်ကြည့်လာသည်။ ထို့နောက် ဘာမှ ပြန်မပြောသေးဘဲ ကားမောင်းတာကိုပဲ အာရုံစိုက်လိုက်သည်။ ခဏကြာတော့ ကားရပ်လို့ရတဲ့နေရာတွေ့တာနဲ့ ကားကို လမ်းဘေးဆွဲချကာ ရပ်လိုက်သည်။
ရုတ်တရက် ကားရပ်လိုက်တာမလို့ ဟာအိုက အံဩတကြီးနှင့်
" ဟင်... မရောက်သေးဘဲနဲ့ ဘာလို့ ကားရပ်လိုက်တာလဲ... "
" ကျွန်တော် ပြောတာကို ဟျောင်း ယုံချင်မှ ယုံမယ်... ဒါပေမယ့် ဒီအကြောင်းကို ကျွန်တော် ဟျောင်းတစ်ယောက်ထဲကိုပဲ ပြောပြမှာ... ဘာလို့လဲဆိုတော့ ဟျောင်းက ကျွန်တော် ချစ်ရတဲ့သူမလို့.... "
ထိုသို့ အစချီပြီးနောက် စာအုပ်ထဲ ရောက်လာခဲ့တဲ့ အကြောင်းကနေ အခုလက်ရှိအချိန်ထိ အကြောင်းအရာတွေကို ခရေစေ့တွင်းကျ ဟန်ဘင်းရှင်းပြလိုက်တော့သည်။
ဟာအိုလည်း သေချာ ဂရုတစိုက် နားထောင်ပြီးနောက်
" ဪ... ဆောင်းဟန်ဘင်းက ငါ့ကို တော်တော်မုန်းခဲ့တာပဲ.... "