" ဟာအို...."
တံခါးပေါက်ဝမှာ ရပ်နေတဲ့ ဟာအိုကို ကြည့်ရင်း ဟန်ဘင်း တိုးတိုးလေး ခေါ်လိုက်မိသည်။ ဟာအိုက သူ့ကို မမြင်သေးဘဲ ကျောက်ရုပ်လို ရပ်နေတဲ့ ကွမ်ရွေ့အား ပြုံးကာ လက်ပြနေသည်။ ဟာအိုက ကွမ်ရွေ့ကို ပြေးဖက်လိုက်ရင်း
" အံ့ဩသွားလား.... "
ထိုအခါမှ ကွမ်ရွေ့မှာ သတိဝင်လာပြီး သူ့ကို ဖက်ထားတဲ့ ဟာအို့အား ပြန်ဖက်လိုက်သည်။ ထို့နောက် နှစ်ယောက်သား ခွာလိုက်ပြီး
" မနေ့က VCပြောတုန်းက မင်းအလုပ်တွေရှုပ်နေတယ်ဆိုတာ... ဒီကိုလာဖို့ အထုပ်ပြင်နေတာကို ပြောတာလား... "
" ဟဲ..ဟဲ... စပရိုက်စ်လေ... "
ဟာအို့ကို ငေးကြည့်နေမိတဲ့ ဟန်ဘင်းမှာ ကွမ်ရွေ့ရဲ့ စကားကို ကြားလိုက်ရချိန်မှာတော့ သစ္စာဖောက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သို့သော် အခုလောလောဆယ် ဟာအိုက ပိုအရေးကြီးသည်မို့ ဒီကိစ္စကို နောက်မှ ချမ်ကွမ်ရွေ့နဲ့ ရှင်းတော့မည်။ ဟန်ဘင်းလည်း ဟာအို့အနား မဝံ့မရဲ လျှောက်လာကာ
" ဟျောင်း.... "
ဟာအိုက သူ့ကို မြင်တော့ အရမ်း အံ့ဩသွားပြီး သူ့ကိုတစ်လှည့် ကွမ်ရွေ့ကိုတစ်လှည့် ကြည့်နေမိသည်။ ဟန်ဘင်းက နူးနူးညံ့ညံ့ ပြုံးပြရင်း
" မတွေ့တာ ကြာပြီနော်... ဟျောင်း... "
" အွန်း... မတွေ့တာ ကြာပြီ.... "
ဟန်ဘင်းကို ပြန်နှုတ်ဆက်ပြီးတာနဲ့ ဟာအိုက ကွမ်ရွေ့နား ကပ်ကာ
" မင်း သင်တန်းမှာ ဆောင်းဟန်ဘင်း ရှိတယ်ဆိုတာ... ဘာလို့ ငါ့ကို မပြောတာလဲ... "
တိုးတိုးလေး ကပ်ပြောတာပေမယ့် ဟန်ဘင်း ကြားရပါသည်။ ကွမ်ရွေ့ကလည်း ဟန်ဘင်းကို တစ်ချက်လှမ်းကြည့်လိုက်ရင်း စကားလမ်းကြောင်း လွှဲလိုက်သည်။
" ဟာအို...မင်း ငါ့ကွန်ဒိုမှာ လာနေမှာမလား... "
" အင်းလေ... အဲဒါကြောင့် လေဆိပ်ကနေ ဒီကို တန်းလာလိုက်တာ... "
" အာ့ဆို ခဏစောင့်ပေးဦး... သင်တန်းဆင်းမှ အတူပြန်ကြမယ်လေ..."
ဟာအိုက ခေါင်းညိတ်ပြလိုက်ပြီး ထောင့်နားက ဆိုဖာခုံမှာ ဝင်ထိုင်လိုက်သည်။ ဟာအို့အနောက်ကို လိုက်ဖို့ ခြေလှမ်းပြင်နေတဲ့ ဟန်ဘင်းအား ကွမ်ရွေ့တားလိုက်ပြီး