မထင်မှတ်ထားဘဲ ဟာအိုက ခြေထောက်ထိခိုက်မိလာတာမလို့ ဟန်ဘင်းလည်း ဆေးရုံကိုသာ မောင်းခဲ့လိုက်တော့သည်။ ဆေးရုံမှာ ခြေထောက်ကို ဓာတ်မှန်ရိုက်၊ ဆေးစည်းပြီးတော့ နှစ်ယောက်သား သင်တန်းကို မဝင်တော့ဘဲ ကွန်ဒိုကိုသာ ပြန်လာခဲ့သည်။ ကွန်ဒိုကိုရောက်တော့ ဟာအို့ကို အင်္ကျီလဲဖို့ အဝတ်အစားတွေ ထုတ်ပေးခဲ့ကာ ဟန်ဘင်း အခန်းအပြင် ပြန်ထွက်ခဲ့လေသည်။ ခဏအကြာမှာ ဟာအိုက အင်္ကျီလဲပြီး ထွက်လာတော့
" ဟျောင်း... လာ... ထိုင်ခုံမှာ ထိုင်နေ... "
ဟာအို့ကို ဆိုဖာမှာ ထိုင်ဖို့ ဟန်ဘင်း ကူတွဲပေးလိုက်သည်။
" ရပါတယ်... ဟန်ဘင်းရဲ့... အခုတောင် သက်သာနေပါပြီ... "
" ခြေထောက်ကို သိပ်အားမစိုက်ရတော့ မြန်မြန်သက်သာတာပေါ့.. ဟျောင်းရဲ့...."
ဟာအို့ကို ဆိုဖာပေါ် ထိုင်ခိုင်းခဲ့ပြီး နေ့လည်စာစားဖို့အတွက်
ဟန်ဘင်း ထမင်းဟင်းတွေကို မီးဖိုခန်းထဲ ဝင်ပြင်ဆင်လေသည်။ အစားအသောက် ပန်းကန်တွေကို လင်ဗန်းနဲ့ သယ်လာပြီး ဧည့်ခန်းက စားပွဲပေါ်မှာ တင်လိုက်သည်။" နေ့လည်စာ စားကြစို့... ဟျောင်း... "
နေ့လည်စာကို အတူစားလိုက်ကြပြီးနောက် ပန်းကန်တွေကို ဆေးကြောဖို့ ဟန်ဘင်း ယူသွားလိုက်သည်။ ဘေစင်မှာ ပန်းကန်တွေ ဆေးနေတဲ့ ဟန်ဘင်းကို ဟာအို ဆိုဖာပေါ်ကနေ လှမ်းကြည့်ရင်း
" ဒါကြောင့် ပြောပါတယ်...ဆောင်းဟန်ဘင်းက ဘယ်လိုကြည့်ကြည့် အိမ်ရှင်မနဲ့ တူပါတယ်ဆို... "
ဟာအို့ရဲ့ စကားကို ဟန်ဘင်းကြားတော့ အားရပါးရ ရယ်လိုက်မိတော့သည်။ သို့သော် ဘာမှတော့ ပြန်မပြော။ ပန်းကန်ဆေးပြီးသွားတာနဲ့ ဟာအို့ဘေးနား ရောက်လာကာ
" အဲ့ဒါက အိမ်ရှင်မနဲ့တူတာ မဟုတ်ဘူး... ကိုယ့်ဇနီးကို မပင်ပန်းစေချင်လို့ အိမ်အလုပ်ကူလုပ်ပေးတဲ့ အိမ်ထောင်ဦးစီးနဲ့ တူတာ... "
ပြောရင်းနဲ့ ဟန်ဘင်း ဟာအို့အား ပွေ့ဖက်လိုက်သည်။ ဟာအိုက ဟန်ဘင်းရဲ့အဖြေအား နှာခေါင်းရှုံ့လိုက်ပြီး