12

1K 128 1
                                    

" ဟန်ဘင်း...."

နေ့လည်စာ စားနေရင်း ရုတ်တရက် ခေါ်လာသော ဂျီအွန်းကြောင့် ဟန်ဘင်း စားနေတဲ့ ထမင်းကို အမြန်မျိုချလိုက်ရသည်။

" အွန်း... ပြောလေ...ဟျောင်း...."

ဂျီအွန်းက စကားကို အရင်မပြောသေးဘဲ ဘေးမှာ ထိုင်နေတဲ့ မက်သျူး မျက်နှာကို လှမ်းကြည့်လိုက်သည်။ မက်သျူးက ခေါင်းညိတ်ပြလိုက်ပြီး ဟန်ဘင်းအား စိတ်မကောင်းသလို မျက်နှာမျိုးနဲ့ ကြည့်လာသည်။ ဟန်ဘင်း မူမမှန်နေတဲ့ ထိုနှစ်ယောက်ကို မျက်မှောင်ကြုတ်ကြည့်ရင်း

" ဘာဖြစ်နေကြတာလဲ... "

" ဟန်ဘင်း.... ဟာအိုတို့ဘက်က စေ့စပ်ပွဲကို ဖျက်လိုက်ပြီ... ဟာအို ကိုးရီးယားကို ပြန်လာဖို့ မသေချာတော့ဘူး... "

ဟန်ဘင်းတစ်ယောက် မျက်လုံးတွေကအစ ညှိုးကျသွားပြီး စားလက်စ ထမင်းကိုပင် ဆက်မစားနိုင်တော့။ မက်သျူးလည်း မျက်နှာချင်းဆိုင် ထိုင်နေရာကနေ ဟန်ဘင်းရဲ့ဘေးကို လာပြောင်းထိုင်ကာ ဟန်ဘင်းရဲ့ ကျောကို အသာပုတ်ပေးလိုက်သည်။

" ဟန်ဘင်း... စိတ်ဓာတ်မကျပါနဲ့ .... ဟာအိုဟျောင်း ပြန်လာဖို့ မသေချာဘူးဆိုတာ ငါတို့ အတွေးပဲ ရှိတာလေ..."

ဟန်ဘင်း မျက်ရည်တွေ ဝဲနေတဲ့ကြားထဲက အားတင်းကာ ပြုံးလိုက်ပြီး

" ဟျောင်း ပြန်လာမယ်လို့ ငါ ယုံတယ်... ငါ စောင့်နေမှာ ဘယ်လောက်ပဲ ကြာကြာ.... "

*****

ဟန်ဘင်းတို့ အထက်တန်း ပထမနှစ်ဆုံးကာနီး‌မှာပဲ ဂျီအွန်းနဲ့ မက်သျူး တရားဝင် ချစ်သူတွေ ဖြစ်သွားကြသည်။ ဂျီအွန်းက နောက်နှစ်ဆို တက္ကသိုလ်တက်ရတော့မှာမို့ မက်သျူးကို လူသိရှင်ကြား ရည်းစားစကားပြောပြီး အဖြေတောင်းလိုက်တာပင်။ ချမ်ကွမ်ရွေ့ကတော့ ဟာအို ကျောင်းပြောင်းသွားပြီးတဲ့နောက်ပိုင်း လုံးဝငြိမ်ကြသွားသည်။ ဟန်ဘင်းလည်း ထူးမခြားနားပါပဲ။ ဒါပေမယ့် ရင်ထဲက မျှော်လင့်ချက်ယဲ့ယဲ့လေးနဲ့ နေ့ရက်တိုင်း အဆင်ပြေအောင် ဖြတ်သန်းနေရသည်။

အထက်တန်း ဒုတိယနှစ်။

ဟန်ဘင်း ကျောင်းအားကစားပြိုင်ပွဲမှာ တာဝေးပြေးပွဲ ဝင်ပြိုင်ခဲ့သည်။ အတန်းအတွက်မဟုတ်ဘဲ ဟာအို့အတွက် ကြိုးစားပြီး ပထမဆု ရအောင် ယူနိုင်ခဲ့သည်။ ဒုတိယနှစ်မှာတော့ ဟန်ဘင်းအား ဖွင့်ပြောလာတဲ့သူတစ်ချို့ ရှိခဲ့ပေမယ့် ချစ်သူ ရှိပါတယ်ဆိုပြီး အကုန်လုံးကို ငြင်းပစ်ခဲ့သည်။ နောက်တော့ တစ်ဆင့်စကား တစ်ဆင့်ကြားပြီး ဟန်ဘင်းကို လာချဉ်းကပ်တဲ့သူတွေ မရှိတော့။

Falling in love with white lotus { Completed }Where stories live. Discover now