ဂျီအွန်း ခွင့်ပြုပေးလိုက်တာနဲ့ ဟန်ဘင်းလည်း ဟာအို့ အခန်းထဲ ဝင်လာခဲ့လိုက်သည်။ လူနာကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ဟာအို့ကို ကြည့်ရင်း ဟန်ဘင်း ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိသည်။ ဟာအိုရဲ့ ခေါင်းမှာ ပတ်တီးဖွေးဖွေးက နေရာယူထားပြီး ပါးတစ်ဖက်နဲ့ ပါးစောင်နားမှာလည်း အညိုအမဲစွဲလျက်။ ကုတင်ဘေးက ထိုင်ခုံမှာ ဝင်ထိုင်လိုက်ကာ
" အများကြီး ပိန်သွားတယ်နော်....ဟျောင်း...."
ဟန်ဘင်း ဟာအိုရဲ့လက်ကို အသာဆွဲကိုင်ပြီး ပါးနဲ့အပ်ထားရင်း
" ကျွန်တော်က အများကြီး တောင်းပန်ပါတယ်... ကျွန်တော် တုံးခဲ့လို့ ... ဟျောင်း အခုလို ထိခိုက်ရတာ... "
ဟန်ဘင်းတစ်ယောက် ပြောရင်းနဲ့ မျက်ရည်တွေ ကျလာရသည်။
" ဟျောင်းအိပ်ရာက နိုးလာရင် ဟျောင်းကို ကျွန်တော် ပြောစရာရှိတယ်... "
ဟန်ဘင်း ဟာအိုရဲ့လက်ကို အသာပြန်ချလိုက်ပြီး ကျနေတဲ့ မျက်ရည်တွေကို သုတ်လိုက်သည်။ ထို့နောက် ဟန်ဘင်း ဟာအိုရဲ့ခေါင်းပေါ်က ပတ်တီးဖြူဖြူပေါ် အသာလေးနမ်းလိုက်သည်။ ထိုမှတစ်ဆင့် အညိုအမဲတွေစွဲနေတဲ့ ပါးပြင်နဲ့ ပါးစောင်နားလေးကိုပါ ခပ်ဖွဖွလေးနမ်းလိုက်သည်။ နောက်ဆုံး နှုတ်ခမ်းဖူးဖူးလေးကို ထိကပ်ရုံလေး နမ်းလိုက်ရင်း အနမ်းတို့ကို အဆုံးသတ်လိုက်တော့သည်။
" ဟျောင်း အိပ်နေတုန်း ခိုးနမ်းလိုက်လို့ စိတ်မဆိုးပါနဲ့ .... "
အခန်းအပြင်ဘက်၌ ကျန်ခဲ့တဲ့ သုံးယောက်မှာတော့
" ဟျောင်း... ဘာလို့ အဲဒီကောင်ကို ဝင်ခွင့်ပေးလိုက်ရတာလဲ... "
ချမ်ကွမ်ရွေ့က မကျေမနပ်ဖြင့် ဂျီအွန်းအား မေးခွန်းထုတ်လာသည်။
" ဟာအို့စိတ်ကို ကွမ်ရွေ့လည်း သိနေတယ်မလား... "
" သိနေလို့ပေါ့ ... ဒီကောင် ဘယ်လောက်တောင် ဟာအို့အပေါ် မကောင်းလိုက်သလဲ ... ဟာအို့ကို ခဏခဏ ငိုအောင် လုပ်တဲ့ကောင်...ပြောရင်းနဲ့ကို ဒေါသက ထွက်လာပြီ... "
စူပုတ်ပုတ်နဲ့ ပြောလာသော ကွမ်ရွေ့ကို မက်သျူးက အားနာနာနဲ့ ပြုံးပြလာပြီး