Part 1

32.8K 892 57
                                    

U+Z
[အမြည်း လာမည်ကြာမည်...]

နေ့စဉ်လှုပ်ရှားနေတဲ့ပတ်ဝန်းကျင်မှာ လူတိုင်းကအလုပ်ဆင်းချိန်၊ အလုပ်ပြန်ချိန်ဆို သူငယ်ချင်းတွေနဲ့တွေ့ဆုံပြီး ဆိုင်ထိုင်တဲ့သူကထိုင်၊ night out ထွက်သူက ထွက်နေကြသည်။ ပြောင်းလဲလာတဲ့ လူမှုနေထိုင်ခြင်းတွေထဲမှာ ဘားတွေမှာလူစည်လာတာဖြစ်သလို အားလုံးကလည်း အပြိုင်အဆိုင်ဖွင့်လာကြ၏။ ဘားမှာထိုင်ကြသူအများစုက ဧည့်သည်ကိုလာဧည့်ခံသူရှိသလို၊ အချင်းချင်းလာထိုင်ကြတဲ့သူတွေလည်းရှိသည်။ တချို့က စီးပွားရေးအရသိပြီး အလုပ်ချိန်ပြင်ပမှာ ဘားအတူထိုင်ရင်း စီးပွားရေးအကြောင်းတွေပြောဖြစ်၏။

"entertainment မပါဘူးလားကွ"

"ဟေ့ကောင် မင်းသောက်ဖို့လာတာလား entertainment လာကြည့်တာလား"

"သောက်ရင်းနဲ့စင်တင်လေးတွေ မျက်စိအစာကျွေးလို့ရတာပေါ့"

"ဟေ့ရောင် ဟိုမှာငါတို့ဘော့စ်"

ဘော့စ်ဆိုတာနဲ့သူတို့မျက်နှာတွေကိုကွယ်လိုက်ပြီး တစ်ယောက်တစ်လှည့်စီ ချောင်းကြည့်ကြတော့သည်။ ဘော့စ်က ဒီဘားကိုဘာလာလုပ်တာတဲ့လဲ။ သူတို့ထင်တာ ဘော့စ်က ဟိုတယ်အပေါ်ထပ်လိုမျိုးမှာဖွင့်ထားတဲ့ အဆင်မြင့်ဘားတွေမှာပဲထိုင်ပြီး အရက်လေးဇိမ်နဲ့သောက်မှာပဲလို့ထင်တာလေ။ အခုက ဒီကိုဘာလို့လာတာတဲ့လဲ။ သူတို့က သူတို့ဘော့စ်မို့လို့ မသိမသာချောင်းကြည့်တာထားပါတော့။ အခု ဒီမှာထိုင်နေတဲ့သူတွေအားလုံးက သူတို့ဘော့စ်ကိုဝိုင်းကြည့်နေကြတာလား။ အင်းလေ ကြည့်လည်းကြည့်ချင်စရာ။ အရင်ဦးဆုံးသတိထားမိမှာက ရှည်လျားတဲ့အရပ်နဲ့ ရှပ်နဲ့စတိုင်ဘောင်းဘီအောက်က ကျစ်လစ်နေတဲ့ခန္ဓာကိုယ်။ ရင်အုပ်တွေကကျယ်ပြီးပြန့်သည်။ ဝတ်တဲ့အဝတ်အစားကလည်း shirt နဲ့ style pants တွေပဲဝတ်တတ်တာဆိုတော့ ဘယ်နေရာမှာဖြစ်ဖြစ်ထင်းနေတာ။ နောက်မှာလည်း ဘော်ဒီဂတ်နှစ်ယောက်လောက်က အမြဲပါနေ၏။ အနီးကပ်မြင်ရမှာတော့ ဘော့စ်ရဲ့ခက်ထန်တဲ့မျက်နှာ။ အပြုံးအရယ်သိပ်မရှိပဲ အမြဲလိုလိုတည်တံ့နေတဲ့ဘော့စ်ရဲ့ခက်ထန်တဲ့မျက်နှာက ကောင်မလေးတွေ အသဲစွဲ။ နှာတံပေါ်ပေါ်၊ မျက်ခုံးကောင်းကောင်း နှုတ်ခမ်းထူထူနဲ့ ဘော့စ်ထားတဲ့ဆံပင်ပုံက ဘော့စ်ကိုပိုပြီးထင်ပေါ်စေသည်။ အခုလည်း ဘားထဲက ကောင်မလေးတွေက ငေးလို့မပြီးသေးပေ။ ကောင်မလေးတွေတင်မဟုတ်ပဲ တချို့ကောင်လေးတွေပါ ငေးနေတာကို အားလုံးမြင်ရမှာဖြစ်သည်။

အသင်္ချေ U+Z [Complete]Where stories live. Discover now