Part 3

11.5K 615 64
                                    

U+Z
[မနက်ဖြန်အတွက်အပြီးသတ်ရင်း မနက်ဖြန်တော့မရှိပါဘူးနော်]

ကမ္ဘာရင့်သင်္ချေ
အဖေ မသိရ
အမေ မသိရ
Azure Villa မှာနေတယ်. ကားတစ်စီးပြီးတစ်စီး စီးတယ်.
အလုပ်အကိုင် - မရှိ
ရဲထွဋ်နဲ့သင်္ဂါက သူငယ်ချင်း (ရဲထွဋ် ဘားပိုင်ရှင်)
ပြိုင်ကားတွေလည်း မောင်းတယ် ပြိုင်တယ်

မှတ်ချက် - မင်းစိတ်မဝင်စားသင့်

"ဟားဟား"

မှတ်ချက်ကိုကြည့်ပြီး အာဏာရယ်လိုက်သည်။ စိတ်မဝင်စားသင့်ဆိုပြီး အောက်မှာလင့်တစ်ခုပါသည်။ မသိစေချင်ရင် အစထဲက ဒီလိုလင့်တွေကို မပို့သင့်ဘူးမဟုတ်လား။ အခုတော့ တစ်ခုခုကိုဝင်ကြည့်လို့ရအောင် လင့်ပါအသင့်ပို့ပေးထားတဲ့ မိုးဆွေ။ သူ နှိပ်လိုက်တော့ Facebook ကို join ခိုင်းနေသည်။ သူမှ Facebook မသုံးတာ ဘယ်လိုလုပ်မလဲ။ MacBook ပေါ်ကိုလက်တွေတင်လိုက်ပြီး အတွင်းရေးမှူးကို စာလှမ်းပို့လိုက်တဲ့ အာဏာ။

မြသားမှာ ရုတ်တရက်ဝင်လာတဲ့စာကို မှားနေသလား နှစ်ခါပြန်ဖတ်ရသည်။ အခု အာဏာက သူမကို 'Facebook ဖွင့်ပေးဖို့ စာလှမ်းပို့တာလား။ အာဏာရောဟုတ်ရဲလား။ သူမသိထားတာက အာဏာက social media ဆိုဘာတစ်ခုမှမသုံးဘူးလေ။ အခုကဘယ်လိုဖြစ်လို့ Facebook ဖွင့်ခိုင်းရတာတဲ့လဲ။ ကိစ္စတစ်ခုခုရှိလို့လား။ ကိစ္စရှိလား မရှိလားစဉ်းစားတာ ခဏထားပြီး သူမ အရင် အကောင့်ဖွင့်ဖို့လုပ်ရသည်။ ဖုန်းနံပါတ်နဲ့မဟုတ်ပဲ ဒီတစ်ခုထဲအတွက်သုံးဖို့ မေးလ်အရင်ဖွင့်ရသည်။ ပြီးတာနဲ့ အာဏာဆိုတဲ့နာမည်နဲ့ပဲ အကောင့်တစ်ခုဖွင့်ကာ password တွေနဲ့အတူပို့ပေးလိုက်သည်။

တွစ်တွစ်..

ဝင်လာတဲ့စာကိုကြည့်ပြီး သူဝင်လိုက်သည်။ ပုံကိုတော့ ထည့်ပေးမထား။ အဲ့ဒါလည်းကောင်းပါတယ်။ သူလည်းပုံတွေဘာတွေထည့်ဖို့ စိတ်မဝင်စား။ လက်ထဲကိုအကောင့်တစ်ခုရောက်လာတာနဲ့ သူလုပ်တာက ချက်ချင်း password ပြောင်းတာပါပဲ။ Password ဘယ်လိုပြောင်းလဲဘာလဲတော့ မေးစရာမလို။ အားလုံးက setting ထဲမှာရှိမှာပဲမဟုတ်လား။ ပြီးတာနဲ့ မိုးဆွေပို့ပေးလာတဲ့ လင့်ကိုနှိပ်ကာ ဝင်ကြည့်လိုက်သည်။ ရုတ်တရက်ပေါ်လာတဲ့ ပုံတွေက ဆွဲဆောင်မှုအပြည့်။ ပေ့ချ်နာမည်ကိုကြည့်ပြီး အာဏာ့မျက်ခုံးတွေ တွန့်ချိုးသွားတော့သည်။

အသင်္ချေ U+Z [Complete]Donde viven las historias. Descúbrelo ahora