Part 16

8.9K 557 31
                                    

U+Z
[ရေးပြီးလို့တင်ပေးလိုက်ပါပြီ။ မနက်ဖြန်မရှိပါ။]

အာကာ စုံစမ်းပေးချက်အရ မင်းသန့်က Azure Group ဘက်ကလူတစ်ယောက်နဲ့ရင်းနှီးတယ်လို့ဆိုသည်။ တစ်ဖက်ကိုစုံစမ်းဖို့ကျတော့ Azure ဘက်ကလုပ်ပေးမှရမှာ။ သူတို့ဘက်လည်း စုံစမ်းနေတယ်ဆိုပေမယ့် ဘာတစ်ခုမှမသိရသလို သူလည်းချေနဲ့အခုထိအဆက်အသွယ်မရသေး။ အာကာကိုယ်တိုင် Azure ဘက်ကိုဆက်သွယ်ဖို့ကြိုးစားပေမယ့် အရာမထင်သေးပေ။ မင်းသန့်နောက်ကြောင်းကိုလည်း လိုက်ရသေးသည်။ မင်းသန့်နဲ့တွေ့ဖို့အာကာ့ကိုလည်းခေါ်ခိုင်းထားရ၏။ မင်းသန့်ကိုသေသေချာချာမေးရအုန်းမယ်။ တစ်ဖက်စကားကိုပဲယုံလို့မဖြစ်သလို မှားနေတယ်လည်းမပြောနိုင်။

ဒေါက်ဒေါက်ဒေါက်

အာကာနဲ့အတူ မင်းသန့်ပါလာတာကြောင့် သူထသွားလိုက်သည်။ မနေ့ထဲကဖြစ်တဲ့ကိစ္စကြောင့် သူအိမ်လုံးဝမပြန်နိုင်သေး။ ဖေဖေတောင်သူ့ကိုဖုန်းဆက်ပြီးမေးလာကာ ဖေဖေ့ဘက်ကလုပ်ပေးလို့ရတာရှိရင် ပြောဖို့။ ဒါတင်မဟုတ် ချေ့က Azure ကမှန်းသိသွားတော့ အံ့ဩနေတာလည်းပါသည်။

"မင်းသန့်"

"ဟုတ်ကဲ့"

"သတင်းထွက်နေတဲ့ကိစ္စအကြောင်းဆွေးနွေးရအောင်"

"ဟုတ်ကဲ့ပြောပါ"

"ကိုယ်အမှန်အတိုင်းသိချင်တယ်"

"ကျွန်တော့်ဘက်ကရှင်းပါတယ်၊ idea တူတာလည်းဖြစ်နိုင်တာပဲ အတွေးတွေတောင်တူနိုင်တာကို"

မင်းသန့်ကလုံးဝသူ့ဘက်ကရှင်းတဲ့ပုံစံ။ ဒါကတကယ်လား။ မျက်နှာကလည်းပုံမှန်ပင်။

"သေချာလား မင်းသန့်"

"သေချာတယ်"

"ကောင်းပြီ မင်းဘက်ကသေချာတယ်ဆိုရင် ကိုယ်တို့ Azure Group နဲ့ဖိုက်ရတာပေါ့ ကိုယ်လုပ်တဲ့အလုပ်ကိုတာဝန်ယူခိုင်းရမှာပဲ အာကာ အားလုံးပြင်ဆင်ထားလား"

"ဟုတ်ကဲ့ ဘော့စ် မင်းသန့် ကိုယ်နဲ့လိုက်ခဲ့ပါ"

"ကျွန်တော်ရှေ့ထွက်ရမှာလား"

"မထွက်ရပါဘူး ကိုယ်တို့တိုင်ပင်စရာလိုတယ်လေ"

အာကာ မင်းသန့်ကိုခေါ်သွားလိုက်သည်။ မင်းသန့်ထွက်သွားမှ အာဏာ မျက်နှာကိုသပ်ပစ်လိုက်၏။ ချေနဲ့အဆက်အသွယ်မရသေးဘူး။ ဘာကဘယ်လိုလည်းအကျိုးအကြောင်းတွေသိချင်တယ်။

အသင်္ချေ U+Z [Complete]Where stories live. Discover now