Part 4

10.9K 589 72
                                    

U+Z

အိပ်ရာကနိုးတာနဲ့ မျက်လုံးထဲမှာပေါ်နေတာရယ်ခေါင်းထဲရောက်နေတာက သူ့လိုမျိုးကြည့်ကောင်းတဲ့ လူတစ်ယောက်။ လူကြီးလူကောင်းဆန်ဆန်လို့ပြောရမလား။ ဖေဖေပြောနေတဲ့ စီးပွားရေးသမားလို့ ပြောရမလား။ ဘာမှန်းတော့သေချာမသိ။ သူ စုံစမ်းကြည့်ဖို့လောက်အထိ မပြင်းပျသေးတာကြောင့် စုံစမ်းမှုတွေမလုပ်သေးတာ။ သူတော့ ဒီလူ့ကိုတစ်ခါမှ မမြင်ဖူးပေမယ့် ဒီလူ့ကိုကြည့်ရတာ သူ့ကိုသိနေသလိုလို ဝင်တိုက်ပြီး ပြုံးယောင်သန်းနေတဲ့ မျက်နှာနဲ့။ အိပ်ရာပေါ်မှာ ဆန့်ဆန့်ကြီးလုပ်နေကာ မျက်နှာကျက်ကိုကြည့်ပြီး ငြိမ်နေတဲ့အသင်္ချေဝင်တိုက်မိတဲ့လူအကြောင်းကို တွေးမိနေသည်။ တကူးတက တွေးစရာမလိုပဲ ဒီလူက သူ့အာရုံထဲကိုရောက်ရောက်လာတာခက်တယ်။

ကျစ်!

အတွေးတွေထဲ သူစိမ်းလူတစ်ယောက်ရောက်လာလို့ စုတ်သပ်လိုက်တာမဟုတ်ပဲ သူ့ညီငယ်လေးက ရုတ်တရက်အမောက်ထောင်လာလို့ဖြစ်သည်။

"စိတ်ရှုပ်နေပါတယ်ဆို မင်းကတစ်မျိုး"

အိပ်ရာပေါ်ပက်လက်နဲ့ဆန့်ဆန်ကြီးလုပ်နေရင်း ခေါင်းပဲထောင်ကာ အမောက်ထောင်နေတဲ့ညီငယ်လေးကို လှမ်းကြည့်ကာ စကားပြောရင်းရေချိုးခန်းထဲဝင်လိုက်သည်။ ရေချိုးပြီးညဘားကိုသွားမှာဖြစ်ပြီး ညနေလည်းစောင်းနေတာကြောင့် သူရေချိုးဖို့ပါလုပ်လိုက်သည်။ ကြွက်သားတွေနဲ့အပြိုင်တင်းမာနေတဲ့ သူ့ညီငယ်လေးကို အဆင်ပြေစေဖို့အရင်လုပ်ရသည်။ ခဏလေးနဲ့လိုအင်မရတတ်တဲ့ညီလေးကြောင့် သူ့မှာအချိန်ပေးရသည်။

ကျစ်!

ပြီးဖို့ကိုတာဆူလို့တောင်မရသေးတဲ့ ညီငယ်လေးကဘာကိုများလိုအပ်နေတာတဲ့လဲ။ ရှာဖွေနေတဲ့ သူ့ရဲ့ညီငယ်လေးကနောက်ဆုံးတော့ အဆင်ပြေသွားသည်။ ရေပန်းဖွင့်ပြီးမျက်နှာပေါ်ရေပေါက်ကျအောင်မော့နေရင်း သူ့နှုတ်ခမ်းက ကော့တက်ကာပြုံးနေမိသည်။ မျက်နှာပေါ်ကရေပေါက်တွေကို လက်နှစ်ဖက်နဲ့ပွတ်သပ်လိုက်ကာ ရေပန်းပိတ်လိုက်၏။

"ဟားဟား! ကမ္ဘာရင့်သင်္ချေ ကမ္ဘာရင့်သင်္ချေ အဟက်"

သူ့နာမည်သူတစ်လုံးချင်းအပြည်အစုံကိုတကာ ပါးစပ်စေ့မရအောင်ပြုံးပြီး ရေချိုးနေတဲ့သူက သူပဲရှိလိမ့်မလား။ လည်ပင်းကနေစကာ ဆပ်ပြာတွေပွတ်သပ်ပြီး တစ်ကိုယ်လုံးကို ဇိမ်ပြေနပြေတိုက်ကာ ရေချိုးနေသူရဲ့ မျက်နှာကအပြုံးတွေ အသက်ဝင်နေသည်။

အသင်္ချေ U+Z [Complete]Where stories live. Discover now