Part 20

14.5K 657 25
                                    

U+Z

ဆေးရုံကုတင်ပေါ်လှဲနေသူက အိပ်နေဆဲ။ ဒေါက်တာပြောသွားတာတော့ ဆေးရှိန်နဲ့အိပ်နေတာတဲ့။ အာဏာကတော့အိပ်လဲမရသလို အခုအချိန်ထိပူပန်နေတဲ့စိတ်ကပြေမသွားသေးပေ။ လူကြီးတွေက အသီးသီးအိမ်ပြန်သွားပေမယ့် အခန်းထဲမှာ မိုးဆွေတို့သတိုးတို့ သိင်္ဂါတို့အားလုံးရှိနေသည်။ သူတို့လည်းသတင်းကြားကြားချင်း ချက်ချင်းပြေးလာပုံရသည်။

"အခြေအနေ"

နောက်ထပ်ရောက်လာတဲ့ ထူးခန့်က သတိုးနဲ့မိုးဆွေဘေးကိုဝင်ထိုင်ရင်းမေးသည်။ အာဏာ‌ကတော့ အသင်္ချေ့ကုတင်ဘေးကမခွာ။

"မနိုးသေးတာ၊ အားလုံးကောင်းပါတယ်၊ လက်အရင်းတော့ကွာသွားတယ်"

"ဟိုတစ်ယောက်ရော"

"အေး အဲ့ဒိသေချင်တဲ့လူက ဘာမှမဖြစ်ဘူး"

သတိုးကမကျေနပ်တဲ့လေသံနဲ့ထွက်လာသည်။ ဒီမင်းသန့်ဆိုတဲ့တစ်ယောက်က ဦးနှောက်ပဲပျက်နေတာလား ဘာလားပဲ။ သူ့ကိုထိခိုက်အောင်လုပ်တာမရှိပဲနဲ့ အကန့်လွတ်နေတယ်လို့ပဲ ပြောရမှာ။ တကယ်လို့များ ပြုတ်သာကျသွားရင် ဆိုတဲ့နောက်မှ ဘယ်လောက်တောင်ထိခိုက်သွားနိုင်လဲဆိုတာ စဉ်းစားကြည့်လို့တောင်မရပေ။

"ချေ..."

အသံတိုးတိုးနဲ့တိတိထွက်လာတဲ့ အာဏာကြောင့်သူတို့ခေါင်းတွေထိုးထိုးထောင်ထောင်ဖြစ်သွားသည်။ အနားတော့သွားဝိုင်းအုံဖို့အစီအစဉ်မရှိ။ လူအုံနေတာမြင်ပြီး တမင်တကာစိတ်ရှုပ်နေအုန်းမှာ။

နားထဲမှာခေါ်သံကြားနေရပေမယ့် အသင်္ချေ မျက်လုံးဖွင့်မကြည့်နိုင်သေးပဲ မျက်မှောင်ကြုတ်ထားမိသည်။ လက်တစ်ဖက်ကဘာမှတုန့်ပြန်မှု နာကျင်မှုမရှိတာကြောင့် သူ့လက်ဘာဖြစ်သွားလဲ စဉ်းစားမိနေသည်။ သူ ဘာမှမဖြစ်ဘူးဆိုတာကိုတော့ နိုးလာတဲ့သူကသိ၏။ ဒါပေမယ့် လှုပ်ကြည့်လို့လဲမရပဲနာကျင်မှုလည်းမရှိတာကြောင့် သူ့လက်တစ်ခုခုဖြစ်သွားတာလား။

"ချေ ကိုယ်ရှိတယ်နော် ဘာမှမဖြစ်ဘူး ချေ ဘာမှမဖြစ်ဘူး"

မျက်လုံးဖွင့်မကြည့်တဲ့ချေ့ကို အာဏာဘာမှမဖြစ်ကြောင်းပြောပေးရသည်။ သူ့ကိုသူတစ်ခုခုဖြစ်ပြီ ထင်လို့လုပ်နေတာ။ သူပြောမှ မျက်ခုံးကအနည်းငယ်ပြေလာပြီးဖွင့်ကြည့်လာသည်။ မျက်ခုံးတွေကတော့ တွန့်ထားဆဲ။

အသင်္ချေ U+Z [Complete]Where stories live. Discover now