Part 23

8.7K 456 36
                                    

U+Z

"ဒီ Tender Deadline ကဘယ်တော့လဲ"

"မနက်ဖြန် နေ့လည် ၂ နာရီပါ"

"Project Manager ကိုခေါ်လိုက်"

အတွင်းရေးမှူးဖြစ်သူက ပရောဂျက်ပိုင်းလိုင်းလွှဲကိုဖုန်းနဲ့လှမ်းခေါ်လိုက်တော့ ခဏလေးနဲ့ ပရောဂျက်မန်နေဂျာကရောက်လာတော့သည်။ ဈေးနှုန်းတွေကို အသင်္ချေတစ်ခါပြင်ပေးကာ တင်ဒါတင်နေကျပုံစံအတိုင်း ပရောဂျက်မန်နေဂျာကိုပြင်ခိုင်းလိုက်သည်။

"ဖေဖေ ပြန်နားရင်နားလိုက်တော့လေ"

သူအလုပ်ဝင်တော့မယ်ဆိုတာကြောင့် ဖေဖေကသူ့ကိုအသေးစိတ်အားလုံးပြောပြနေရသည်။ ဒီရက်ပိုင်းအတွင်းသူဆိုအိမ်ကို အာဏာ့ထက်နောက်ကျမှပြန်ရောက်ဖြစ်နေ၏။ နောက်ကျမှ ပြန်ရောက်တတ်တဲ့သူ့ကြောင့်အာဏာက ညစာကိုအပြင်ကတစ်ခါထဲ ဝယ်လာလေ့ရှိသည်။ တစ်ခါတစ်လေ ယောက္ခမတွေကထည့်ပေးလိုက်တာကို ယူလာလေ့ရှိသည်။ သူပြန်ရောက်ချိန်ဆို လျှော်ရမယ့်အဝတ်တွေလည်း အာဏာက အဝတ်လျှော်စက်ထဲ ထည့်လျှော်ပြီးလို့ လှန်းတဲ့အထိအားလုံး လုပ်ပြီးနေပြီဖြစ်သည်။ မနက်ဆိုလည်း နှစ်ယောက်အတူတူထ တစ်ယောက်က အိပ်ရာသိမ်းရင်တစ်ယောက်က မနက်စာလုပ်၊ အင်္ကျီထုတ်နဲ့ အလုပ်ကိုပြည့်နေတော့၏။

"တစ်ပတ်တောင်ပြည့်တော့မှာဆိုတော့ အခြေအနေသုံးသပ်ပါအုန်း"

ဖေဖေက ရယ်ရင်းသူ့ကိုလုပ်ငန်းခွင်မှာ ကျင်လည်နေတဲ့ကိစ္စတွေကို သုံးသပ်ခိုင်းနေတာ။ ဖေဖေ ဖွဲ့စည်းညွှန်ကြားခဲ့တဲ့ ဒီလုပ်ငန်းက စည်းစနစ်ကျခဲ့ပါတယ်။ မဟုတ်ဘူး စည်းစနစ်ကျဆဲလို့ပြောရမှာပေါ့။

"ဖေဖေ စိတ်တိုင်းကျဖွဲ့စည်းခဲ့တာပဲ"

သားဘာကိုရည်ညွှန်းတာလဲ ဦးမိုးဟိန်းကိုယ်တိုင်ကလည်းသိသည်။

"သား ပြင်ချင်တာရှိလား"

"မရှိသေးပါဘူး အားလုံးအဆင်ပြေဆဲပါ ဖေဖေ"

"မောင်အာဏာရော"

"သူလဲ အခုမှ ရင်းနှီးမြှုပ်နှံမှုတွေဝင်နေလို့ အလုပ်ရှုပ်နေတယ်"

"အင်း ပိတ်ရက် အားရင်လာခဲ့ကြအုန်း"

သားတစ်ယောက်ထဲရှိတာ သူတို့တွေလွတ်လွတ်လပ်လပ်ရှိချင်စေချင်လို့သာ သီးသန့်သွားနေခိုင်းရပေမယ့် တစ်ခါတစ်လေတော့ သားကိုအိမ်မှာပြန်စေချင်တဲ့စိတ်လေးတော့ ရှိနေဆဲ။ အိမ်ထောင်ကျပြီးမှ သားက တည်တည်ငြိမ်ငြိမ်ဖြစ်သွားတာကိုတော့ သူသဘောကျသည်။ တကယ်ကိုတည်ငြိမ်သွားတာ။ နှစ်ယောက်ပေါင်းမိရင် အပြင်မှာတရုန်းရုန်းနဲ့မြင်ရမယ်ထင်ပေမယ့် တကယ်တမ်းအဲ့လိုမဟုတ်ပဲ အလုပ်တွေပါလုပ်လာတာဆိုတော့ သားအိမ်ထောင်သွားတဲ့အထဲမှာ ဒီအချက်က ကောင်းတဲ့အချက်လို့ပြောလို့ရ၏။

အသင်္ချေ U+Z [Complete]Where stories live. Discover now