Part 13

9.6K 573 49
                                    

U+Z
[မနေ့ကပိတ်ရက်ဖြစ်တာကြောင့် ရေးဖြစ်သွားတာပါ၊ ပုံမှန်ဆို တစ်ရက်တစ်ပိုင်းက မပြီးပါဘူးရှင်။ အခုလည်း ရေးပြီးလို့တင်ပေးလိုက်ပါတယ်နော်]

Azure Motel ရှေ့မှာကားတစ်စီးရပ်တာနဲ့ Motel ထဲကတာဝန်ရှိသူကပြာပြာသလဲထွက်လာတော့သည်။ Azure Group ဦးမိုးဟိန်းရဲ့ အတွင်းရေးမှူးက Azure Group ပိုင်ရှင်ဦးမိုးဟိန်းရဲ့ အလေးထားရတဲ့ပုဂ္ဂိုလ်တစ်ယောက်လာမယ်လို့ ဖုန်းဆက်ထားတာကြောင့်ဖြစ်သည်။ ပြီးတော့ မန္တလေးမှာ တာဝန်ကျနေတဲ့ ကိုစိုးမောင်မောင်ကလည်း သူ့ကိုကြိုတင်ဖုန်းဆက်ထားသေးတယ်။ ဆိုက်ထဲကို လေ့လာမယ့်လူတစ်ယောက်လာမယ် ဦးမိုးဟိန်းကိုယ်တိုင်လွှတ်လိုက်တာလို့လည်း ပြောလိုက်သေးသည်။ နေပါအုန်း ဘယ်သူမို့လို့ဆိုက်ထဲလာလေ့လာတာ ဒီလိုကားနဲ့လာတာလဲ။ ဘေးနာမှာလည်း luggage တစ်လုံး။

"တာဝန်ရှိသူ ဘယ်သူလဲ"

"ကျွန်တော်ပါ"

"နာမည်"

"အောင်သူပါ"

"အခန်းက ဘယ်မှာလဲ"

"ဟုတ်ကဲ့ လိုက်ခဲ့ပါ ကြိုပြင်ပေးထားပါတယ်"

အောင်သူဆိုတဲ့တာဝန်ခံနောက်ကိုသူလိုက်သွားလိုက်သည်။ စိတ်ကသိပ်ကြည်တာမဟုတ်ဘူး။ ဦးမိုးဟိန်းတို့က လူကိုမဟုတ်တာတွေလုပ်ခိုင်းနေတယ်။ Motel ဆိုပေမယ့် Hotel အဆင့်နီးပါဆောက်ထားတာဖြစ်ပြီး သူနေလို့တော့အဆင်ပြေပါတယ်။ အဆင်မပြေရင် ဟိုတယ်သွားနေမှာ ဘာမှတ်နေလဲ။ အထဲမှာလည်း သေသေချာချာတော့လုပ်ပေးထားသည်။ 

"ဒီမှာ ထမင်းတွေဘာတွေရော ပြင်ပေးလား"

"ဟုတ်ကဲ့ ပုံမှန်ဝန်ထမ်းတွေအတွက်တော့ပြင်ပေးပါတယ်၊ သီးသန့်ညွှန်ကြားတာရှိမှသာ သီးသန့်လုပ်ပေးတာပါ"

"အော်"

"ကျွန်တော်တို့သီးသန့်ညွှန်ကြားတာတော့လက်ခံမထားရပါဘူး၊ ဘာများပြင်ဆင်ပေးဖို့လိုလဲခင်မျ"

"ထားလိုက်ပါ ဝန်ထမ်းတွေစားတဲ့အထဲကစားကြည့်လိုက်မယ်"

"ဟုတ်ကဲ့ လိုတာရှိရင်ပြောပါ"

"အင်း"

တာဝန်ခံပြန်ထွက်သွားမှ အသင်္ချေ အနားယူဖို့လုပ်လိုက်သည်။ မနက်ဖြန်မှ ဆိုက်ထဲသွားကြည့်ရမှာဆိုတော့ ဒီနေ့တော့ ကောင်းကောင်းကြီးအနားယူလိုက်အုန်းမှာပေါ့။ လက်ရုံးကိုတော့ ခရီးခဏထွက်မလို့ တစ်ပတ်လောက်လို့ပြောခဲ့သည်။ ရဲထွဋ်တို့သိင်္ဂါတို့တောင် မသိ။ ဘယ်သူမှမသိပါဘူး သူဒီကိုဖေဖေခိုင်းလို့ လာရတယ်ဆိုတာ။ သိလို့ကတော့ ဒီကောင်တွေဝိုင်းရယ်တော့မှာ။ တောက်လျှောက်ကားမောင်းလာတာကြောင့် လူကငြီးစီစီဖြစ်နေသည်။

အသင်္ချေ U+Z [Complete]Where stories live. Discover now