Part 24

8.8K 507 43
                                    

U+Z

အခုတလော သူတို့အခန်းရှေ့မှာပန်းစည်းတစ်စည်းကအမြဲလိုလိုမြင်နေရသည်။ တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် လာလာထားနေတဲ့ဒီပန်းစည်းက မှားရောက်လာတာမဖြစ်နိုင်ဘူးဆိုတာ အာဏာသိနေသည်။ သူကအမြဲလိုလိုအရင်ပြန်ရောက်တာဆိုတော့ ဒီပန်းစည်းကိုသူပဲအရင်တွေ့ပြီး ရှင်းထုတ်ပစ်ရတာ တစ်လုပ်ဖြစ်နေ၏။ ရှင်းထုတ်ရတဲ့ရက်တွေများလာလေ သူ့စိတ်မှာအနှောင့်အယှက်ဖြစ်လာလေ ဖြစ်နေ၏။ ဘယ်လိုလူက သူတို့အခန်းရှေ့မှာပန်းစည်းတွေလာလာ ချသွားတာလဲ။ ဘာကြောင့်လဲ။ ဘာကိုရည်ရွယ်နေတာလဲ။ ဒီလိုပို့နေတဲ့ရည်ရွယ်ချက်က ဘာလဲ။ တခြားအချိန်တွေ ဒီကိစ္စကိုသတိမထားမိပေမယ့် ချေ့ထက်အရင်အိမ်စောရောက်တဲ့သူက ဒီပန်းစည်းတွေကို မြင်လို့ပစ်ထုတ်ရတိုင်း ဒီလိုတွေတစ်ယောက်ထဲတွေးတောနေမိသည်။

ကျစ်!

ဘယ်ကောင်ပို့နေတာလဲ ဒါတွေက။

အခုလည်းထပ်ရောက်နေပြန်သည်။ အာဏာ ဘေးကအမှိုက်ပုံးထဲ စိတ်တိုကာပစ်ထည့်လိုက်ပြီး ဘာမှလုပ်ချင်စိတ်မရှိပဲ ဧည့်ခန်းမှာထိုင်နေလိုက်သည်။

"လက်ရုံး ဘာထိုင်လုပ်နေတာလဲ"

သူဘယ်လောက်တောင်အတွေးတွေနစ်နေလဲ ချေပြန်ရောက်တာတောင်မသိလိုက်။ သူ စိတ်တွေရှုပ်ထွေးနေတာ။ ချေက သူ့ဘေးကိုဝင်ထိုင်ရင်း သူ့ပါးကိုနမ်း၏။ ချေ့ဆီက အနမ်းတစ်ပွင့်ရမှာသာ အာဏာ့မျက်နှာကပုံမှန်လိုအသက်ပြန်ဝင်လာတော့သည်။

"ချေ့ကိုစောင့်နေတာ"

ဘာမဟုတ်တဲ့ကိစ္စကို အာဏာ ချေ့ကိုပြောမပြချင်တော့။ အလကားသပ်သပ် နောက်တစ်ယောက်စိတ်ညစ်မှာကိုတော့သူ မလိုလား။ ချေ ပြန်ရောက်မှသူ့စိတ်က ပြန်လန်းလာတော့သည်။ သူ့နေ့တွေက ချေရှိမှအဆင်ပြေတာ။ အသင်္ချေ့ရဲ့ခိုင်းစေမှုကြောင့် အာဏာ မီးဖိုချောင်ထဲဝင်ကာ အသီးတွေသန့်စင်ပေးနေရသည်။ ရှီသမျှအသီးတွေအားလုံးဆေးကြောပြီး ဘလူးဘယ်ရီသီးကိုတော့ ကြိတ်စက်ထဲထည့်မွှေဖို့လုပ်နေရသည်။ အသင်္ချေကတော့ အိမ်တစ်အိမ်လုံးကို ဖုန်စုပ်စက်နဲ့လိုက်စုပ်နေသည်။

အသင်္ချေ U+Z [Complete]Where stories live. Discover now