Part 15

9.9K 540 54
                                    

U+Z

"မင်းသန့် ဒီမှာ"

ဝင်လာထဲကကိုယ့်လူတွေကိုရှာနေတာ အသံပေးမှပဲမင်းသန့်တွေ့သွားတော့သည်။ သူတို့နဲ့ဒီမှာချိန်းထားတာ။ Sculpture Group နဲ့ပရောဂျက်လုပ်ဖို့သဘောတူပြီးပြီဖြစ်ကာ နောက်ရက်လုပ်ငန်းစတော့မှာဖြစ်သည်။

"မင်းမျှော်လိုက်ရတာ"

"ကျွန်တော် ပရောဂျက်ကို အာရုံစိုက်နေရလို့လေ"

"ဘယ်လိုလဲ အဆင်ပြေတယ်မလား"

"အင်း ပြေတယ်"

"ငါပြောပါတယ် မင်း ဘယ်သူ့ကိုမှပြောလို့မဖြစ်ဘူးနော်"

"ကျွန်တော်နားလည်တယ်"

သူတို့တွေ့ပြီးဒီပရောဂျက်အကြောင်းပြောရင်းသောက်ဖြစ်ကြသည်။

"ကိုထူးမင်းဘက်လည်း အားလုံးအို‌ကေတယ်မလား"

"ကိုယ့်ဘက်ကလည်းအေးဆေး မြေနေရာရွေးပြီးပြီလား မြေဧက ကျယ်မှဖြစ်မှာနော်"

"Sculpture Group ရဲ့မြေဧကဝန်းတွေအများကြီးရှိတယ်"

"အင်း ငါတို့ရတဲ့ပရောဂျက်ကလည်း Sculpture Group ကပဲ ငွေနိုင်နိုင်မှာ"

ပရောဂျက်ကကြီးပြီး ငွေသန်းချီပြီးရင်းရမှာ။ ဒါကြောင့် Sculpture ကပဲဒီ ပရောဂျက်ကိုလုပ်နိုင်မှာ။ ဒါကြောင့်လည်း ဒီပရောဂျက်ကိုသိလိုက်ပြီး ထူးမင်း မင်းသန့်ကိုပေးခဲ့ပြီး Sculpture ကိုကမ်းလှမ်းခိုင်းခဲ့လိုက်တာ။ ဒီပရောဂျက်ရသွားတာနဲ့သူတို့အေးအေးဆေးဆေးနေလို့ရသွားပြီ။ ပရောဂျက်ရမယ့်ဝင်ငွေက အလုပ်မလုပ်ပဲဇိမ်နဲ့ထိုင်စားလို့ရလောက်အောင်ဖြစ်သည်။

"ဟိုမှာ"

တစ်ယောက်က မျက်လုံးနဲ့ပြသည်။ မင်းသန့်တစ်ဖက်ကိုလှည့်ကြည့်လိုက်တော့ ကမ္ဘာရင့်။ ကမ္ဘာရင့်နဲ့ Sculpture Group ကသူဌေးလက်ရုံးအာဏာက အခုဆိုလူသိထင်ရှားတွဲနေပြီလို့ပြောလို့ရသွားတော့သည်။ ဒီကောင် ဘာကုသိုလ်တွေလုပ်လို့ ဒီလောက်ဖြုန်းနိုင်နေတာလဲမသိဘူး။ တစ်ဖက်ကိုကြည့်တော့ သူ့ဘော်ဒါတွေ။

"အသင်္ချေတို့များ အတွဲလိုက်ဟိုးလေးတကျော်ကျော်ဖြစ်ပြီး ငါတို့ဖုန်းတောင်မကိုင်တော့ဘူး"

အသင်္ချေ U+Z [Complete]Where stories live. Discover now