Part 6

10.3K 588 46
                                    

U+Z

အလုပ်ထဲမှာ ဖုန်းသိပ်လာလေ့မရှိတဲ့ သူ့ဖုန်းကအခုတော့ တစ်နာရီခြားတစ်ခါလို လာနေတော့သည်။ အစည်းအဝေးလုပ်နေတုန်းဖုန်းကလာတတ်တာကြောင့် အခုတော့အစည်းအဝေးရှိတယ်ဆိုရင် ဘယ်အချိန်တွေဆိုပြီး ကြိုတင်ပြီးပြောထားရသည်။ အားလုံးကလည်းထူးဆန်းသလိုကြည့်လာနေပြီ မဟုတ်လား။ အခုမှ ရည်းစားစထားတာဆိုပေမယ့် Group MD အနေနဲ့ သိက္ခာလေးတော့ ထိန်းထားချင်သေးရဲ့။ အခုမှရည်းစားထားပြီး စပ်စလူးထနေလို့ရတဲ့အရွယ်လည်းမဟုတ်။

"ဒါက ရှာထားတဲ့မြေနေရာနဲ့ရှိပြီးသား အဆောက်အဦးတွေရဲ့ proposal တွေပါ ကိုအာဏာ"

"အင်း ဒါနဲ့စာရင်းချုပ်မယ့်ကိစ္စက ဘယ်လိုဖြစ်သွားပြီလဲ"

"ဟုတ် မြသား Finance ကနေစာရင်းတောင်းပြီး audit နဲ့ညှိနေတယ် ကိုအာဏာ"

"အင်း"

"Entertainment အဖြစ်ထွက်ထားတာတွေမရလို့ အခု project တွေထဲ Labor charges အဖြစ်ခွဲထည့်နေပါတယ်"

"အိုကေ"

သူမတို့ Sculpture Group အနေနဲ့ ခေါင်းစဉ်ပျောက် entertainment အနေနဲ့ထွက်ထားတဲ့ငွေတွေက မနည်းပေ။ ဒါတွေကိုပြန်ဖြန့်ပြီးထည့်နေရတာဖြစ်ပြီး ခေါင်းစဉ်တပ်ဖို့ သူမမှာစဉ်းစားရတာခေါင်းခြောက်နေပြီ။ Group တစ်ခုလုံးစာလာစုတာဆိုတော့ ငွေကထောင်ချီနေသည်။ သူမလည်းအခုတလော ဘာအလုပ်မှမလုပ်နိုင်ပဲ နေ့နေ့ညညဒီကိစ္စပဲ လုပ်နေရတာ။ PA ကိုအာကာကျတော့လည်း PA ဆိုတဲ့အတိုင်း ကိုအာဏာရဲ့ကိုယ်ရေးကိုယ်တာရော တခြားကိုအာဏာမတွေ့ချင်တဲ့သူတွေကိုတွေ့ပေးနေရသည်။ ပြီးတော့ ကိုအာ‌ဏာကအခုတလော အပြင်တွေခဏခဏထွက်နေသလိုပင်။ သူမဆိုအလုပ်တွေရှုပ်နေလို့ အပြင်ထွက်ဖို့တောင် မလှည့်နိုင်။

"အင်း"

Proposal ကိုအပြီးဖြတ်ဖို့ အာကာနဲ့သူမရှိနေချိန် ဖုန်းဝင်လာတာဖြစ်ကာ ဘယ်သူခေါ်လဲတော့ သူမ မသိ။

"ဒီနေ့ မလာဖြစ်လောက်ဘူး ကိုယ်နည်းနည်း အလုပ်ရှုပ်နေလို့"

.......

"အင်း ကိုယ်ဖုန်းဆက်မယ်"

ဆက်တဲ့သူကဘယ်သူလဲမသိပေမယ့် ကိုအာဏာစကားပြောပုံကထူးဆန်းသည်။ မသိရင် သမီးရည်းစားတွေစကားပြောနေသလိုမျိုး။ ဒါမှမဟုတ် ကိုအာဏာ ရည်းစားရနေတာလား။ အတွေးနဲ့အတူ သူမ မျက်လုံးတွေ လက်ရုံးအာဏာဆီရောက်သွားတော့သည်။ တွဲနေတဲ့သူရှိရင် Sculpture Group ရဲ့ဘော့စ်အနေနဲ့နာမည်ထွက်လာမှာပဲ။ အခု သူမတောင်ဘာမှမကြားရတာဆိုတော့ မဟုတ်လောက်ဘူးမလား။ ဖုန်းပြောနေတဲ့ ကိုအာဏာ့ပုံက ပြုံးနေသယောင်။ ကိုယ်တွေအနားမှာပြောနေရင်း ထသွားကာမှန်နံရံတွေကတဆင့် ဘောင်းဘီထဲလက်တစ်ဖက်ထည့်ကာ အပြင်ငေးရင်းစကားပြောနေသည်။ ခက်တာက သူမတို့ဘာမှမကြားရတာ။ ကိုအာကာကိုကြည့်တော့ ပုံမှန်ဖြစ်ပြီး သူလုပ်ရမယ့်အလုပ်ကိုလုပ်နေသည်။ ကိုအာဏာ့မှာ ရည်းစားရှိရင် ကိုအာကာတော့ မသိပဲမနေလောက်။ သူမ ကိုအာကာ့ကိုအစ်ကြည့်‌ရင်ကောင်းမလား။

အသင်္ချေ U+Z [Complete]Where stories live. Discover now