Part 17

10.1K 581 55
                                    

U+Z
[မအားလို့ အခုမှရေးပြီးတော့ အပ်လိုက်ပါတယ်နော်]

ဘာဖြစ်လို့ဖြစ်မှန်းမသိ ဘယ်လိုဆက်သွယ်လို့ဆက်သွယ်ရမှန်းမသိပဲ အဆက်အသွယ်ကလုပ်လို့မရ။ သူ့အိမ်ရှေ့ကိုသွားရအောင်လည်း နောက်ကအမျှင်တန်းလန်းနဲ့တစ်သီတစ်တန်းကြီးပါလာအုန်းမယ်။ မင်းသန့်ကိုတော့ အာကာစောင့်ကြည့်နေသည်။

"သား"

"ဖေဖေ အပြင်ကပြန်လာတာလား"

"အင်း"

ဖေဖေက သူ့ရှေ့ဝင်ထိုင်သည်။ ဒီကိစ္စဖြစ်မှ ဖေဖေနဲ့မေမေနဲ့တောင်စကားအေးအေးဆေးဆေး မပြောရသေးဘူး။ ဦးသိန်းဝင်သားဖြစ်သူကိုကြည့်လိုက်ကာ ဘာပြောရမှန်းတောင်မသိ။ အခုရက်အတွင်းမှာ ဖြစ်သွားတဲ့ပြဿနာတွေက ဘာတွေမှန်းကိုမသိပဲ လူတွေကိုမျက်စိလည်အောင်လုပ်လိုက်သလိုဖြစ်နေတာ။ သားနဲ့ရည်ငံနေတဲ့ကောင်လေးကလည်း မိုးဟိန်းရဲ့သားတဲ့လေ။ မိုးဟိန်းဆိုတာ သူတို့နဲ့စီးပွားပြိုင်ဘက်ကို။ အရင်တုန်းကဆိုရင် သူတစ်ခွန်းငါတစ်ခွန်းတောင်ဖြစ်ခဲ့ဖူးတာ။ သားမေမေကိုယ်တိုင်လည်းအံ့ဩနေတာပဲလေ။

"အခု ဘာလုပ်မယ်စဉ်းစားထားလဲ"

"ချေနဲ့ဆက်သွယ်လို့ရအောင်ပဲလုပ်နေတယ်ဖေဖေ"

"သူတို့ဘက်ကဘာမှထပ်မပြောလာဘူးနော်"

"ဟုတ်တယ် ဖေဖေ၊ သူတို့ထဲမှာဘာဖြစ်နေလဲလည်းမသိရဘူး ဆက်သွယ်လို့လဲမရဘူး"

"သားတို့ဆက်ဆံရေးကရော"

"ဒီကိစ္စကြောင့် ကျွန်တော်တို့ဆက်ဆံရေးကို အပျက်ဆီးခံမှာမဟုတ်ဘူးဖေဖေ"

အပျက်အဆီးမခံဘူးသားပြောတာအခုထိအဆက်အသွယ်မရသေးတဲ့သားကိုဘာပြောရမလဲမသိတော့။ သားကိုကြည့်ရတာလဲ ညှင်းသိုးသိုးနဲ့ဖြစ်ကာ အမြဲရှင်းသန့်နေတဲ့သူက နှုတ်ခမ်းမွှေးတိုစိစိနဲ့ဖြစ်နေသည်။

"ဖေဖေ မိုးဟိန်းနဲ့သွားတွေ့ပေးရမလား"

ဖေဖေပြောသလို ဖေဖေ့ကိုပဲအကူအညီတောင်းရမလား။ ချေ့ကို villa မှာသွားရှာပေမယ့်မတွေ့။

"အင်း မြသား"

......

"ဘယ်လို နေရာနဲ့အချိန်နဲ့မေးလိုက်"

အသင်္ချေ U+Z [Complete]Where stories live. Discover now