Part 2

18.6K 830 55
                                    

U+Z
[တစ်ရက်ခြားဆီ အပ်ဖြစ်အောင် ရေးပေးမယ်နော်]

"လာကြအုန်းဟေ့ ငါ့မြေးပြန်လာပြီအိမ်မြဲအောင် ယတြာလေးဘာလေး လုပ်ကြပါအုန်း"

"ဟားဟား"

ပြန်ရောက်တာနဲ့အဖိုးဖြစ်သူဘေးကိုစွေ့ကနဲခုန်ပြီးပစ်ထိုင်ပစ်သည်။ မိတဆိုးမြေးက အရွယ်ရောက်လာတာနဲ့အပြင်မှာထွက်နေတော့တာပဲ။ သူ့ဖေဖေနဲ့လည်းသိပ်တည့်ချင်တာမဟုတ်။ အမေရှိတုန်းကတော့ အမေက အဖေနဲ့သားကြားကထိန်းပေးတာပေါ့။ မြေးဆိုးတာကလည်း သူ့အဖေတူတာကို။ မနက်ကပြောထားတဲ့အတိုင်း ညနေမှရောက်ချလာတာကိုကြည့်။ ညနေဆိုညနေမှ နည်းနည်းလေးစောရောက်မလာဘူး။ အခုပဲ ညနေ ၅ နာရီကျော်နေပြီ။

"အိမ်မှာအိပ်မှာမလား"

"ဒါပေါ့"

"ကဲ ညစာမြေးကြိုက်တာလုပ်ခိုင်းလိုက်ပါအုန်း ထွန်းနိုင်ရေ"

"ဟုတ်ကဲ့"

ထွန်းနိုင် မီးဖိုချောင်ဘက်ဝင်ကာ ဒီအိမ်ရဲ့သားရောက်နေကြောင်းနဲ့ စားတတ်တဲ့ဟင်းချက်ပေးဖို့ ဝင်ပြောရသည်။ ထွန်းနိုင်က ဖိုးဖိုးဖြစ်သူဦးရန်ဝင်းအနားမှာနေတဲ့သူဖြစ်ကာ အိမ်မှာပဲအခန်းတစ်ခန်းယူထား၏။ ကမ္ဘာရင့်သင်္ချေဖေဖေကလည်း အသက် ၄၀ ကျော်ပဲရှိသေးတာ ၄၅ နှစ်တောင်မရောက်သေးဘူးဆိုတော့ အလုပ်မှာလည်းကိုယ်တိုင်အုပ်ချုပ်ပြီး ကိုယ်တိုင်ပဲစီစဉ်သည်။ အဖေအသက်က ၄၅ နှစ်ပဲရှိသေးတယ်ဆိုပေမယ့် ကမ္ဘာရင့်သင်္ချေလည်းအသက် ၂၃ နှစ်ပဲရှိသေးတာကို။ ကမ္ဘာရင့်သင်္ချေဖေဖေနဲ့မေမေက စောစောအိမ်ထောင်ကျတဲ့အထဲမှာပါသည်။ ကမ္ဘာရင့်သင်္ချေမေမေကတော့ ကမ္ဘာရင့်သင်္ချေအလယ်တန်းမှာပဲ ဆုံးသွားတာ။ ကလေးမွေးပြီး မကျန်းမာတာကြောင့်လည်းပါ၏။

"အပြင်တွေသိပ်မထွက်စမ်းနဲ့မြေးရယ်"

"ဖိုးကို ဘယ်သူပြောလဲ"

"ဒီအဖိုးက မြေးအဖိုးပါကွ"

"လူတွေလွှတ်ထားပြီးတော့"

"ဟားဟား ဒါကတော့ ဖိုးကမြေးကိုထိခိုက်မှမခံနိုင်တာ"

ဦးရန်ဝင်းက မြေးကိုတော့အတော်ချစ်သည်။ မချစ်ရအောင်လည်း မြေးကဒီတစ်ယောက်ထဲရှိတာကို။ သူ့တုန်းကလည်း သားတစ်ယောက်ပဲမွေးခဲ့တာဆိုတော့ အခုဒီမြေးတစ်ယောက်ကိုပဲ ပုံချစ်နေရတာ။ မြေးကဆိုးတယ်ဆိုပေမယ့် ရန်ဖြစ်၊ ဆေးသုံးနေတာမဟုတ်ပဲ သူ့အတိုင်းအတာနဲ့သူဆိုးတယ်လို့ ပြောရမလားပဲ။ ကားပြိုင်မောင်းတယ်၊ အိမ်မကပ်ဘူး၊ အပေါင်းအသင်းကလည်း ရှိတဲ့အပေါင်းအသင်းနဲ့ပဲ နေတတ်တယ်။ မြေးသူငယ်ချင်းတွေဖြစ်တဲ့ သိင်္ဂါနဲ့ရဲထွဋ်ဆိုရင်လည်း မိဘစီးပွားရေးလမ်းကြောင်းကအစ ဦးရန်ဝင်းအားလုံးစုံစမ်းထားပြီးသား။ မြေးအန္တရာယ်ဖြစ်မယ့် အရိပ်အခြေတွေ့တာနဲ့ လူလွှတ်ထားပြီးတော့ စောင့်ရှောက်စေသည်။ ဒါတွေအားလုံးကို လည်လှတဲ့မြေးကလည်းသိသည်။ သူဘယ်လိုမှခိုးလုပ်လို့မရ။

အသင်္ချေ U+Z [Complete]Donde viven las historias. Descúbrelo ahora