Part 18

10.6K 510 23
                                    

U+Z
[ဒီဘက်ကိုလုံးဝမလှည့်နိုင်ဘူးဖြစ်နေတာရှင်  အလုပ်တွေပုံပြီး ဒီတစ်ပတ်က အလုပ်ရှုပ်ဆုံးလိုဖြစ်နေလို့ပါ၊ ဒီနေ့လည်းပိတ်ပေမယ့် ကိစ္စလေးရှိတော့ အပြင်သွားရတော့ နောက်ကျသွားတယ်ရယ်]

နှစ်ဖက်မိဘတွေ တွေ့ဆုံနေတာ သားနှစ်ယောက်ကိစ္စမဟုတ်ပဲ ဖြစ်သွားတဲ့ပြဿနာကို ဖြေရှင်းဖို့ ဖြစ်နေသည်။ ဒေါ်ရူပါကတော့ လိုက်လာရုံပဲလိုက်လာပြီး ဝင်ဆွေးနွေးဖို့ မရှိ။

"ကျွန်တော်တို့ဘက်က ဝန်ထမ်းကိုတော့ အရေးယူဖို့လုပ်ပေမယ့် သူ့ဘက်ကတောင်းပန်ထားတယ် တရားစွဲတာမလုပ်ပဲ တခြားနည်းနဲ့အရေးယူဖို့ပေါ့"

"ဒီကိစ္စမှာ ထူးမင်းနဲ့မင်းသန့်ဘာလုပ်ခဲ့လဲ အားလုံးကလည်းသိနေပြီဆိုတော့ မင်းသန့်ကိစ္စကိုလည်း စောင့်ကြည့်အနေအထားနဲ့ပဲလုပ်ထားသေးတယ်"

"ကျွန်တော် ဒီကိစ္စကိုဖမ်းမိသွားပဲ၊ လက်ရုံးတို့ဘက်က မင်းသန့်ကိုရဲလက်အပ်ထားတာဆိုတော့ ငွေဒဏ်ပုံစံနဲ့ပဲ ညှိလိုက်ပါ၊ အထဲကိုရောက်သွားဖို့တော့ မမျှော်လင့်ဘူး သူ့မှာလည်းသူ့ဘဝနဲ့သူရှိတယ်လေ"

"သူက ဒါကိုမကျေနပ်လို့ လူကိုအန္တရယ်ပေးဖို့တွေ လုပ်မှာကိုယ်စိုးရိမ်နေတယ်"

"ကျွန်တော်က သူ့ထက်အားနည်းတဲ့ပုံပေါက်လို့လား"

ချေကထက်တယ်ဆိုပေမယ့် အာဏာ စိုးရိမ်နေတာပဲသိသည်။ သူလည်း ကိုယ့်ကြောင့် တခြားသူဘဝ အလုပ်လုပ်ရခက်ခဲသွားမှာတွေမလိုချင်ပေမယ့် တစ်ဖက်က ရှုံးမဲ မဲတာတွေရှိလာရင် လူကိုအန္တရာယ်မပေးနိုင်ဘူးလို့မှမပြောနိုင်ပဲ။

"ကဲ ဒီကိစ္စခဏထားရအောင်"

"ဘာကိစ္စရှိသေးလို့လဲ"

လူကြီးမိဘတွေရှိတုန်း အာဏာ ပြောချင်နေတဲ့စကားရှိတာကြောင့် ဒီကိစ္စကိုခဏထားလိုက်သည်။

"ရှိတယ် ချေနဲ့ မြန်မြန်လက်ထပ်ချင်တယ် အဲ့ဒါ အန်ကယ်ခွင့်ပြုပေးပါ"

ဦးသိန်းဝင်နဲ့ဒေါ်ရူပါ သားဘက်ကိုလှည့်ကြည့်လိုက်သည်။ သူတို့ကိုလည်းကြိုတင်တိုင်ပင်ထားခြင်းမရှိသေးပဲနဲ့။

အသင်္ချေ U+Z [Complete]Donde viven las historias. Descúbrelo ahora