Part 11

10K 575 82
                                    

U+Z

ဧည့်ခန်းထဲမှာ သားအမိသားအဖ သုံးယောက်ထိုင်နေကာ တိတ်ဆိတ်နေသည်။ ဦးသိန်းဝင်ကတော့ ဇနီးဖြစ်သူနဲ့သားကိုညှိပေးဖို့အတွက်ရှိပေးနေသလိုဖြစ်နေ၏။ သားနဲ့ဟိုကောင်လေးရဲ့ ဖက်နေတဲ့ပုံတွေက သားမေမေဆီရောက်ကုန်နေပြီလေ။ ဒါတောင် ပုံတွေကညအချိန်မရှိတက်လာတာ။ သားမေမေက အခုမနက်မှ ရင်းနှီးသူတစ်ချို့ကပေးပို့လာတာတွေကြောင့် မြင်သွားတာဖြစ်ပြီး မိန်းမဖြစ်သူရဲ့လမ်းညွှန်မှုနဲ့ ဦးသိန်းဝင်မှာ မီဒီယာပေါ်ကိုမတက်ရေးလုပ်ဆောင်ရသေးသည်။ သူ့သားကဖြင့် ဟိုကောင်လေးကိုဖက်ထားတာ မြင်မကောင်းဘူး ဒါကိုကျမသားက ဒီလိုမျိုးကြိုက်တဲ့အထဲမပါဘူး၊ မီဒီယာပေါ်အတက်မခံနိုင်ဘူးနဲ့ဖြစ်နေတာ။ ပုံတွေမြင်ပြီးထဲက တစ်မနက်လုံးဖုန်းဆက်၊ သားဖြစ်သူက မကိုင်၊ ညကလည်းပြန်မအိပ်နဲ့ ဂဏာကိုမငြိမ်ဘူး။ ဟိုကောင်ကလည်းဟိုကောင် ပြန်ရောက်လာတော့ နေ့ခင်းမှပြန်ရောက်လာတာ။ ကြည့်လိုက်တော့ သူဘာမှမလုပ်ထားတဲ့အတိုင်း။

အဟမ်း!

ဦးသိန်းဝင်ချောင်းဟန့်သံကိုကြားမှ ဒေါ်ရူပါ လက်ရှိကိုပြန်ရောက်သွားသလိုဖြစ်သွားသည်။ သူမ မျက်လုံးထဲမှာ မိတ်ဆွေတွေပို့ပေးတဲ့ပုံတွေက ဝင်ရောက်နေရာယူဆဲ။ လူကြားထဲမှာ ရင်ခွင်ထဲ ယောက်ျားတစ်ယောက်ဖက်ထားတာ မျက်လုံးမပွင့်ဘူး။ မူးနေလို့ ယောက်ျားချင်းဖက်ထားတာဆိုရင်လည်း ဒီလိုမဟုတ်ဘူးဆိုတာ ငယ်ရာကကြီးလာတဲ့ သူမ နားလည်သည်။ ပုံတွေမြင်မြင်ချင်း မူးလဲကျချင်သွားတဲ့အထိ ဖြစ်သွားတာ သူမကိုယ်တိုင်ပဲသိလိမ့်မယ်။ ကိုယ့်သားက လူကြားထဲမှာ ဒီလိုမျိုးပြုမူနေတာ။ ယောက်ျားတစ်ယောက်ဖြစ်ရက်နဲ့ တခြားယောက်ျားတစ်ယောက်ကို ဖက်ပြီးဒီလိုပြုမူနေတာ။ အရှက်ရစရာတွေ။ သူတို့မို့လို့ မရှက်တယ်။ Sculpture Group ဆိုတဲ့လုပ်ငန်းတစ်ခုကိုဦးစီးနေပြီး ဘေးနားမှာ တင့်တင့်တယ်တယ်အမျိုးသမီးတစ်ယောက်ရှိနေသင့်တာကို အခုတော့ လူမြင်မကောင်း။ သူမကိုဆို ပုံတွေပို့ပြီး မရူပါသားက gay လား၊ မရူပါသားလေး ယောက်ျားလေးချင်းကြိုက်နေတာသိလား၊ လက်ရုံးအာဏာလေးကို ဒီလိုမျိုးတွေ့ခဲ့တယ်၊ မိန်းကလေးနဲ့ချစ်ကြိုက်တာမရှိဆို မရူပါသားလေးက ဒီလိုမျိုးသဘောကျတာကိုနဲ့ ဘယ်လောက်တောင်ရှက်ဖို့ကောင်းလိုက်လဲ။ သူမကို မေးသလိုလို သရော်သလိုလိုနဲ့ ပုံတွေပို့ပို့နေတာ။ သူမ ခေါင်းတောင်မဖော်ဝံ့။

အသင်္ချေ U+Z [Complete]Where stories live. Discover now