Part 8

10.9K 569 70
                                    

U+Z

"အန်တီ နေကောင်းကျန်းမာရဲ့လား"

"ကောင်းတယ်သမီး၊ သမီးတောင် မလာတာကြာပြီ မတွေ့တာကြာလို့ထင်တယ် ပိုချောလာသလိုပဲ"

"ကျေးဇူးပါ အန်တီ၊ အန်တီကလည်း အမြဲလှနေတာပဲ ဘယ်အချိန်ကြည့်ကြည့် ကျက်သရေကိုရှိနေတာ"

"မြှောက်နေပြီ၊ လာထိုင် သမီးအစ်ကိုတော့ ဆင်းမလာသေးဘူး၊ အခုတလော အလုပ်များရှုပ်နေလားမသိဘူး အိမ်ပြန်နောက်ကျတာနဲ့ တစ်ခါတစ်လေ  ဗီလာမှာသွားအိပ်တာနဲ့ သူ့ကိုမြင်ဖို့ လိုက်ဖမ်းရမလိုဖြစ်နေတယ်"

တကယ်တော့ သူမကိုယ်တိုင်လည်းသေချာမသိတဲ့ ကိုအာဏာမှာရှိနေတာမဟုတ်လား။ ဒင်နာညက လက်ရုံးအာဏာအတွက်ဆိုပြီး ဆိုတဲ့သီချင်းကဘာကိုရည်ရွယ်တာလဲ။ တကယ်ပဲ ချစ်သူရည်းစားဖြစ်နေတာလား၊ ဘာလိုလိုလား။ ဒါကိုဘယ်သူ့ဆီမှာ အတည်ပြုလို့ပြုရမှန်းမသိ။

"အန်တီ ကိုအာဏာ့မှာ ချစ်သူရည်းစားများရှိနေလားမသိဘူး"

"သမီး ဘာကြားလို့လဲ"

ဒေါ်ရူပါ သားအတွက်စိတ်ပူမိသွားသည်။ ဒါကြောင့်များအိမ်ပြန်နောက်ကျနေပြီး အပြင်မှာအိပ်နေတာလား။ ဘယ်လိုအိမ်ကသမီးမို့ ဒီလိုဖြစ်နေရတာတဲ့လဲ။

"သေချာတော့မသိပေမယ့် ကိုအာဏာ့ဆီ အလုပ်ကိစ္စမဟုတ်ပဲ ဖုန်းလာတာတွေ့လို့၊ ဖုန်းပြောရင်လည်း သမီးတို့ရှေ့မှာမပြောလို့လေ အန်တီ မြသား သေချာတော့မသိဘူး"

"ဟုတ်လား"

"ဟို မြသားစိတ်ထင်တာ ဖြစ်ရင်လည်းဖြစ်မှာပေါ့ အန်တီ"

သူမဒီလိုဒီအကြောင်းလို့မပြောပြချင်။ သူမကိုယ်တိုင်လည်းအတည်ပြုချင်နေတာမလား။ ပြီးတော့ ကိုအာဏာက ယောက်ျားအချင်းချင်းကြိုက်တဲ့သူလား သူမ မသေချာ။ တစ်ဖက်ကပဲ ဖြစ်နေတာလား။ အန်တီနဲ့ထိုင်နေတုန်း လှေကားကနေဆင်းလာတဲ့ ကိုအာဏာက စောစောစီးစီးစိတ်ကြည်နေပုံရပြီး ပြုံးနေသလို။ ဒီလိုမျိုးပြောင်းလဲသွားတာ ဘယ်တုန်းကလဲ။ တကယ်ပဲ ကိုအာဏာမှာဘာတွေဖြစ်နေတာလဲ။ မြသားကိုယ်တိုင်လည်း လှတဲ့အထဲမှာပါသလို တတ်သင့်တဲ့ပညာလည်းရှိသည်။ အိမ်ကလည်း သေးနုတ်တဲ့အထဲမှာမပါ။ သူမဆို ဆံပင်ခါးအထိရှည်ပြီး မြန်မာဝတ်စုံဝတ်မလား၊ အနောက်တိုင်းဝတ်စုံဝတ်မလား လိုက်ဖက်တဲ့အထဲမှာပါသည်။ တကယ်ပဲ ဘေးမှာရှိတဲ့သူမကိုမမြင်ပဲ ယေက်ျားလေးတစ်ယောက်ကိုများသဘောကျနေတာလား သူမစိုးရိမ်မိသည်။

အသင်္ချေ U+Z [Complete]Onde histórias criam vida. Descubra agora