Part 7

10.5K 605 60
                                    

U+Z

"သူဌေးက ဒါတွေပြီးရင် ဒင်နာလုပ်ပေးမယ်တဲ့"

"ဟုတ်လား ပျော်လိုက်တာ"

"ငါတို့ ဒင်နာမရှိတာတောင်ကြာပြီ ဒီတစ်ခါတော့ ရှယ်စားပစ်မယ်"

"ဟုတ်တယ် ပင်ပန်းတာတွေကို ပြန်ဖာထေးဖို့ တစ်ခါထဲ အဝစားပစ်မယ်"

ရုံးဝန်ထမ်းတွေကို Budget ကိစ္စပြီးတာနဲ့ ကိုအာဏာက ဒင်နာလိုက်ကျွေးမယ်ပြောပြလိုက်တာကြောင့် ဝန်ထမ်းတွေအားလုံး သိပြီးပျော်နေကြတာ။ အခုထဲက ဘယ်လိုစားမယ်၊ ဘာတွေမှာမယ်၊ တညလုံး အိမ်မပြန်ဘူးနဲ့ ပြောဆိုနေကြတာ။ သူတို့ပျော်မယ့်ရက်ရောက်လာတော့မှာကို။ Budget ပိတ်ရက်ဆိုတော့ အားလုံး Fine မထိအောင် ညဘက် အိုတီတွေဆင်းပြီး သေသေချာချာလုပ်နေရတာဖြစ်၏။

"ကိုအာကာ မြသား မနက်ဖြန်ညကို အားလုံးကိုဒင်နာလုပ်ပေးမယ့်ရက် သတ်မှတ်မလားလို့"

"ကောင်းတာပေါ့ ကျွန်တော် ဘာလုပ်ပေးရအုန်းမလဲ"

"မြသားအထင် ကိုအာဏာ့ကိုပြောပြပြီး ဘယ်မှာလုပ်မှာလဲမေးရမယ်ထင်တယ်၊ ကြိုတင်စာရင်းပေးရင်လည်း ပေးထားလို့ရအောင်လေ"

"အင်း ကိုယ်လည်းမေးထားလိုက်မယ်၊ အခုတော့ ရောက်မလာသေးဘူး"

"ကိုအာဏာ အခုတလော အလုပ်ကိစ္စမဟုတ်ပဲ တခြားကိစ္စတွေရှိသလိုပဲနော်၊ ကိုယ့်သူဌေးကို ဒီလိုပြောတာမဟုတ်ပေမယ့် ကိုအာဏာ ချစ်သူရည်းစားများ ရနေသလားမသိဘူး ကိုအာကာရော ဘယ်လိုထင်လဲ"

"မသိပါဘူးဗျာ၊ သူဌေးရဲ့အတွင်းကိုတော့ မမြင်ချင်ယောင်ဆောင်ထားရတာပေါ့၊ ကျွန်တော်တို့ကိစ္စမဟုတ်ဘူးလေ"

ဒါက လုံးဝမပြောနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ဆိုတာကို မြသားသိလိုက်သည်။ ဒါဆို ကိုအာဏာက ချစ်သူရည်းစားရှိနေတာလား၊ မရှိနေတာလား။ ဘာမှန်းလည်းသေချာမသိရ။ ကိုအာဏာ့အိမ်ကိုအလည်သွားရင်း အန်တီ့ကိုနည်းနည်းလေး အစ်ကြည့်ရင်ကောင်းမလား။ သူမ ကြိုးစားနိုင်ခွင့်ရှိလားတော့ သိချင်ပါတယ်။ ကိုအာဏာ့ကိုတိုက်ရိုက်မမေးရဲတော့ ဒီနည်းလမ်းပဲ ရှိတော့တာပေါ့။ အခုတလော ကိုအာဏာက အလုပ်ကိုနောက်ကျမှလာလေ့ရှိတယ်လို့ပြောလို့ရသည်။ လုံခြုံရေးဆီကကြားရတာတော့ တစ်ခါတစ်လေ ညဆိုညဉ့်နက်မှပြန်လေ့ရှိတယ်လို့ကြားရသည်။ တစ်ခါတစ်လေ ကိုဝေလင်းနဲ့ကိုအာကာမပါပဲ ကိုယ်တိုင်ကားမောင်းပြီး ထွက်သွားတတ်တယ်လို့လည်း ပြောသည်။ ကိုအာဏာ့လိုလူက သူ့အိမ်ထောင်ဘက်ကို လူသိမခံတဲ့အထဲကရွေးချယ်မယ့်သူမဟုတ်။ ဒါဆို ဘယ်သူ့မှမခေါ်ပဲ အပြင်ထွက်ထွက်နေတာ ကိုအာဏာ အပျော်ရှာနေတာလား။ ဘယ်လိုပဲ အပျော်ရှာရှာ သူမကတော့ ကိုအာဏာကို ဘော့စ်တို့၊ သူဌေးတို့မခေါ်ရပဲ ကိုအာဏာလို့ ခေါ်ခွင့်ရတဲ့သူ မဟုတ်လား။

အသင်္ချေ U+Z [Complete]Où les histoires vivent. Découvrez maintenant