Part 5

10.7K 592 66
                                    

U+Z

"ပျင်းစရာကြီး"

ဖေဖေသွားတက်ဆိုလို့သာပွဲအတွင်းကိုရောက်နေတာ ဒီလိုပွဲမှာသူကြာကြာမထိုင်ချင်။ တာဝန်ရှိသူတွေဆိုတာတွေက မပြီးနိုင်မစီးနိုင် intro တွေဝင်အုန်းမှာ။ ဖေဖေကလည်း ဘာဖြစ်လို့များ ပွဲလာတက်ခိုင်းလည်းမသိ။ စိတ်ညစ်တယ်။ ဒါပေမယ့် တော်သေးတယ်ပြောရမယ့် Azure Group တို့ဘာညာရေးမထားလို့ပေါ့။

"ကိုအာဏာ ဒီဘက်ကိုကြွပါ"

နောက်ကအသံကိုကြားတာနဲ့ အသင်္ချေ့နားရွက်က လှုပ်ခက်သွားတယ်လို့တောင် ထင်ရသွားသည်။ ပျင်းနေတယ်ဆိုပေမယ့် စိတ်လှုပ်ရှားစရာက ရောက်လာပြီပဲ။ ဘယ်ဝိုင်းမှာထိုင်ရမှာတဲ့လဲ။

"လိုတာရှိရင် ပြောပါအစ်ကို"

အာဏာမှာ ဝန်ထမ်းတစ်ယောက်လိုက်ပို့လို့ ထိုင်ပြီးရုံရှိသေး ဘေးမှာထိုင်ကာ မျက်လွှာချပြီးဖုန်းကြည့်နေတဲ့ သူကိုမြင်ပြီး နှုတ်ခမ်းတွေကော့တက်သွားသည်။ ဒီနေ့ဝတ်ထားတာက ခါတိုင်းနဲ့မတူပဲ ကွဲထွက်နေသည်။ Suit အပြည့်အစုံဝတ်ထားတာဖြစ်ပြီး ဖုန်းကိုင်ထားတဲ့လက်မှာ နာရီတစ်လုံးပဲ ပတ်ထား၏။ နားမှာတော့ နားကပ်တွေမပါပဲချွတ်ထားပုံရသည်။ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်နဲ့ဆိုတော့ ဘာဝတ်ဝတ်အဆင်ပြေနေသည်။

"အဟမ်း! ပွဲလာတက်တာလား ကမ္ဘာရင့်သင်္ချေ"

သူ့ဘက်ကနာမည်အပြည့်အစုံ စခေါ်မိခြင်း။ ကိုယ့်ဘက်ကိုလှည့်ကြည့်လာတဲ့ သူ့မျက်နှာက အံ့ဩသွားတာမရှိပဲ ပုံမှန်ပဲဖြစ်သည်။

"အင်း"

ဖြေပြီးတာနဲ့သူ့ဖုန်းသူပြန်ကြည့်နေသည်။ ပွဲက အရေးကြီးမဟုတ်ပေမယ့် အစိုးရတင်ဒါတွေနဲ့ ဆက်စပ်ပြီး လုပ်တဲ့ပွဲဆိုတော့ သူတို့လာတက်တာဖြစ်သည်။ စင်မြင့်ပေါ်မှာ ဘာပြောနေလဲ နှစ်ယောက်လုံးအာရုံမရပေ။ တစ်ယောက်က လက်ထဲကဖုန်းကိုကြည့်ပြီးပွတ်နေပြီး တစ်ယောက်ကခေါင်းဆောင်းပြီးကြည့်နေသည်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်ကိုချဉ်းကပ်ကာ မရိုးသားတဲ့စိတ်တွေနဲ့ချဉ်းကပ်ပြီး အလိုလိုသိနေတာ။ ကိုယ်ကလည်းမရိုးမသားတဲ့စိတ်နဲ့ချဉ်းကပ်ခဲ့တာဖြစ်ပြီး ဒါကို အသင်္ချေကလည်း သိနေကာ သူတို့နှစ်ယောက်က အခုတော့ဘေးချင်းကပ်ထိုင်နေပြီ။ နှုတ်ဆက်တော့လည်းမသိရင် အချင်းချင်းသိတဲ့သူတွေလို ပြန်ဖြေပေမယ့် အခုတော့စကားစက ပြတ်သွားပြန်သည်။

အသင်္ချေ U+Z [Complete]Where stories live. Discover now