U+Z
"လက်ရုံး ဒီဘက်"
ဖောင်း!!
"ရဲထွဋ် တားလေ"
"ဟာ ရောင်ရောင် အရမ်းမလိုက်နဲ့"
ဖောင်း!!
ဖူဆယ်ကွင်းမှာ ဘောကန်နေတဲ့သူတို့အုပ်စုက ၆ ယောက်ထဲနဲ့ကန်နေတာ။ ဘေးမှာလည်း တခြားအဖွဲ့တွေကန်နေပြီး တစ်ချို့က ကြက်တောင်ရိုက်နေကြသည်။ တခြားအဖွဲ့နဲ့ပါတဲ့မိန်းကလေးတွေရဲ့အာရုံဆို သူတို့ဆီပဲရောက်နေကြတာ ခေါင်းတွေကိုစောင်းလို့။ ချွေးတဒီးဒီးနဲ့ဖူဆယ်ကွင်းမှာ သူတို့အဖွဲ့ကန်နေတာ နာရီဝက်ကျော်နေပြီဖြစ်သည်။
"တော်ပြီ မကန်နိုင်တော့ဘူး"
သိင်္ဂါကပြောရင်းထိုင်ချတော့သည်။ သူတို့ဒီလိုမဆော့ဖြစ်တာ ဘယ်လောက်ကြာနေပြီလဲ။ အခုမှပြန်ဆော့တော့ လူကမောဟိုက်ပြီး စိတ်သွားတိုင်းကိုယ်မပါ။
"အဲ့ဒါဆိုလည်း ရပ်လိုက်ကြမယ်လေ ရေချိုးသွားကြမလား"
"အေး ဒီအတိုင်းတော့မပြန်နိုင်ဘူး ချွေးတွေနဲ့"
အတိုင်အဖောက်ညီတဲ့သူတို့အာလုံး ရေချိုးခန်းဝင်ဖို့လုပ်လိုက်သည်။ ရေချိုးက တစ်ယောက်ခန်းလေးတွေဖြစ်ကာကျဉ်းသည်။ ဒါကိုနှစ်ယောက်ပူးဝင်ကြတဲ့သူတို့က ဘယ်လိုဆံ့အောင်ဝင်လည်းမပြောတတ်။ တခြားသူတွေဆီကအသံမထွက်ပေမယ့် ရဲထွဋ်နဲ့မိုးဆွေဆီကအသံတိတိ တိတိနဲ့ထွက်နေ၏။
"ရဲထွဋ် လိုက်မဝင်နဲ့ထွက်"
"မထွက်ဘူး"
"မဆံ့ဘူးလို့ ကြပ်တယ် သွားကွာ ပြီးမှချိုး"
"မကြပ်ဘူး ဟိုကောင်တွေတောင်အတူတူချိုးတာကို"
မိုးဆွေဒီကောင်လေးကို ဘယ်လိုတွန်းထုတ်ထုတ်မရပေ။ သူနဲ့ကြိုက်သွားတာကလည်းမထင်မှတ်ပဲ ဗြုန်းစားကြီးဖြစ်သွားတာ။ အသင်္ချေတို့အိမ်မှာသူတို့ဆုံတုန်းက အပြန်ကိုရဲထွဋ်ကသူ့ကိုလိုက်ပို့တာ။ အဲ့ညကပဲရဲထွဋ်ကသူ့ကိုဖွင့်ပြောလာတာဖြစ်ပြီး အတင်းချုပ်နမ်းလိုက်လို့ အဖြေပြန်ပေးလိုက်ရတာ။ အဖြေမပေးရင် ဘာလုပ်မယ်ညာလုပ်မယ်လို့ခြိမ်းခြောက်သေးသည်။ အခုလည်းသူနဲ့တစ်ခန်းထဲလိုက်ဝင်နေ၏။ ရေချိူရင်လူချင်းကကပ်နေမှာကို။
![](https://img.wattpad.com/cover/344981810-288-k589017.jpg)
ŞİMDİ OKUDUĞUN
အသင်္ချေ U+Z [Complete]
Fantastik22 ပုဒ်မြောက် Start - 29 June 2023 Pic - from Pinterest လက်ရုံးအာဏာ ကမ္ဘာရင့်သင်္ချေ